114:Final တက်သွားပြီ

790 151 2
                                    

Unicode

တတိယပွဲစဉ်မှာ တစ်ဦးတည်း PK ပွဲစဉ်ဖြစ်ပြီး ကိုးခန်းမအရှင်မင်းမြတ်ကိုကစားရန် ရွေးချယ်ခဲ့သည်။

သူက နည်းနည်းတော့ တုန်လှုပ်နေပြီး

"ဟွမ်ထိုက်ကျိနဲ့ မတွေ့ဖို့ပဲမျှော်လင့်တယ် အဲ့လိုမှမဟုတ်ရင် ဧကရာဇ်မင်းကို သတ်လိုက်သလိုမျိုး ခံစားရမိလိမ့်မယ်...။"

ရေသေ က ရယ်မောရင်း

"မင်းကငါ့ကိုသာပြောနေတာ အခုတော့မင်းကငါ့ထက်သရုပ်ဆောင်နဲ့ပိုတူနေတာပဲ"

ကိုးခန်းမအရှင်မင်းမြတ်:"..."

ဟွမ်ထိုက်ကျိနဲ့ မကြုံခဲ့ပေမယ့်လည်း နဂါးမင်းသားနဲ့တွေ့လိုက်ရတယ်။ကိုးခန်းမအရှင်မင်းမြတ်က အသင်းဖော်တွေနဲ့ရှိစဉ်ကလိုပေါ့ပျက်ပျက်မလုပ်ပဲအပြင်းအထန်တိုက်ခိုက်ခဲ့ပေမယ့်လည်းရှုံးနိမ့်ခဲ့ရလေသည်။

ရှူကျီးကျာ့လန်နဲ့ ကျစ်ကျစ်ပွဲစဉ်ပြီးနောက် ဒီပွဲသည် လွမ်းမောဖွယ်ချစ်ခြင်းအသင်း၏ဒုတိယအကြိမ် မြောက် ရှုံးနိမ့်ခြင်းဖြစ်သည်။

ကိုးခန်းမအရှင်မင်းမြတ်သည်လုံးဝကိုရှုံးနိမ့်သွားကာ စောင့်ဆိုင်းဧရိယာသို့ပြန်လာခဲ့တော့သည်။

ကြိုးကြာရိုင်း:"ဒီနဂါးမင်းသားက ဘာလို့လဲ? ကိုးခန်းမအရှင်မင်းမြတ်တောင် မနိုင်ဘူးဆိုတော့လေ?"

ရေသေ: "အဲ့ဒါကနဂါးမင်းသားလေ သူကရိုးရိုးမင်းမြတ်ကိုး သေချာတာတော့ပေါ့ ဟိုကပိုကြမ်းတာပေါ့"

ကိုးခန်းမအရှင်မင်းမြတ်:"....မင်းဘယ်လိုတောင်ပြောရဲတာလဲ!"

တကယ်တမ်းတော့ ဟိုလိုဂရပ်ဖစ်ထွက်လာပြီးနောက် ကိုးခန်းမအရှင်မင်းမြတ်ရဲ့ ခွန်အားသည် အရင်ကလောက် မသန်မာတော့ကြောင်း အသင်းဖော်များအားလုံး နားလည်သဘောပေါက်ကြသည်... သူသည် အင်းဆက်များကို စတင်ကြောက်ရွံ့လာရုံသာမက အမြင့်ကိုလည်း ကြောက်ရွံ့လာသည်။ ဒါပေမယ့် သူ့အဖော်တွေက သူ့ခံစားချက်တွေကို ဂရုစိုက်သောကြောင့်သူ့ကိုအမှန်တရားကိုမပြောခဲ့ပါ။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now