126:တစ်ယောက်ကို ယွမ် 400,000 ရတယ်

907 166 11
                                    

Unicode

......ဒီအပေါ်မှာ ဘုရားသာသိနိုင်မယ့် အဖြစ်ပျက်တစ်ခုဖြစ်ပျက်သွားပါတယ်_(:3"∠)_....

[T/N အိုင်လဲမသိဘူး ဘာဖြစ်သွားလဲ အာသာကဘုရားပဲသိတယ်တဲ့]

ချင်ယွီက နိုးတဝက်ဖြင့် အိပ်ရာတစ်ဖက်ကိုထိလိုက်ရာတွင် ဘယ်သူမှမရှိမှန်း သိလိုက်ရသည်။သူ ကြောက်လန့်ပြီး ချက်ချင်းထလိုက်ချိန်မှာတော့ရေချိုးခန်းထဲက ရေသံကို ယောင်ဝါးဝါး ကြားလိုက်ရလေသည်။ သူ သက်ပြင်းတစ်ချက်ချကာဖြင့် ဘောင်းဘီကိုရှာရန် အိပ်ရာမှထလိုက်တော့သည်။ ထို့နောက် ရေချိုးခန်းဆီသို့ လျှောက်သွားခဲ့လေရဲ့။

ဟိုတယ် ၏ရေချိုးခန်းသည် အိပ်ခန်းနဲ့ ဧည့်ခန်းကြားတွင်ရှိနေပြီး ကြမ်းပြင်ကနေမျက်နှာကျက်ထိကိုမှန်များဖြင့်ကာရံထားကာ အတွင်းဖက်မှ ရေငွေ့အလွှာနဲ့ ယောက်ျားလေးတစ်ယောက််ပုံဖော်ပြနေတဲ့ မျက်နှာကျက်မီးဖြူရောင်လေးရှိနေပါ၏။

ခဏကြာတော့ ရေသံရပ်သွားချိန်တွင် ချင်ယွီက တံခါးကို ညင်သာစွာခေါက်လိုက်ပြီး ခေါ်လာလေသည်။

"ဟဲကျင့်"

အတွင်းမှ ပုံရိပ်သည် ရပ်တန့်သွားရသည်။ သူ ထွက်လာတဲ့အချိန်မှာတော့ bathrobe ကိုဝတ်ဆင်ထားခဲ့ပြီးဆံပင်တွေလည်းစိုစွတ်နေကာ မျက်လုံးတွေလည်းထိုနည်းလည်းကောင်းပင်။bathrobe သည်လည်း သူ့လည်ပင်းက အနီကွက်တွေကို ဖုံးအုပ်ပေးဖို့တော့ကျရှုံးခဲ့ရပြီး ထိုအနီကွက်များက ဟိုနေရာ ဒီနေရာပြန့်ကျဲလျက်ရှိနေပါ၏။

အမူးပြေနေပြီဖြစ်သောဟဲကျင့်သည်ချင်ယွီ ကို အေးစက်စွာ စိုက်ကြည့်ကာဖြင့် အိပ်ခန်းထဲသို့ ပြန်သွားခဲ့သည်။

ချင်ယွီကသူအမှားလုပ်ထားမိကြောင်းသတိထားမိသွားပြီး ချင်ယွီသူစကားအရမ်းမပြောသင့်ကြောင်းသိလိုက်သည်။သူကဟဲကျင့်နောက်ကို အမြှီးလေးကုတ်ကာဖြင့်လိုက်သွားခဲ့သည်။ဟဲကျင့်ကအိပ်ရာပေါ်မှာအိပ်နေကြောင်းတွေ့လိုက်ရတော့စိတ်သက်သာရာရသွားခဲ့လေသည်။

နေမထွက်သေးသောကြောင့် သူတို့အနည်းငယ်ထပ်အိပ်နိုင်သေးသည်။ချင်ယွီကအိပ်ရာကထကာဖြင့် ဟဲကျင့်ကိုဖက်ချင်ခဲ့သော်လည်း ဟဲကျင့်ကခေါင်းလှည့်ကာဖြင့် စိတ်ဆိုးနေတဲ့အကြည့်ပစ်လွှတ်လာခဲ့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now