071:လက်မောင်းဒဏ်ရာရသွားပြီ

850 177 6
                                    

Unicode

ချင်ယွီကလှမ်းကြည့်သွားသည့်အတွက်ကြောင့် ဘေးက ကောင်မလေးတွေက အချင်းချင်းပြောကာရယ်မောကြတော့သည်။ ကုံးယုံလင်းက က ထိုင်ခုံနှစ် နေရာအကွာက ဟဲကျင့် ကို ရုတ်တရက်ကြည့်
လိုက်ပြီးပြောလာသည်။

"ချင်ယွီ က ရှင့်ကိုကြည့်နေတာမဟုတ်ဘူလား?စီနီယာ ဟဲ ရှင်ကချင်ယွီကြောင့် ဒီပွဲကိုလာကြည့်တာလား?"

တခြားလူတွေကလည်း ရယ်ကြတော့တယ်။
ဟဲကျင့် သည် ဤကောလာဟလအကြောင်း ထုန်ရွှမ် ထံမှ ကြားသိထားပြီးဖြစ်၍ နောက်နေတာဖြစ် ကြောင်း သိလိုက်ရသည်။ သို့သော် သူသည်
အတွင်း၌ တစ်စုံတစ်ရာကို ခံစားနေရသည်။သေချာသည်မှာ သူသည် ထိုစကားကို ကြားသောအခါ ရှက်ရွံ့သွားပြီး ကန့်ကွက်ဖို့ကြိုးစားတော့သည်။

"အမ်း မဟုတ်ပါဘူး ငါ့မှာ လုပ်စရာလည်းရှိမနေတာနဲ့ ဒီကိုလာလိုက်တာ"

သူရဲ့ အတည်ပေါက်ကြီးပြောနေတဲ့ပုံစံကြောင့် မိန်းကလေးတွေလည်း ရယ်တာရပ်သွားကြတော့တယ်

သို့သော် ထုန်ရွှမ်ကတော့ တစ်ခုခုဖြစ်နေကြောင်း ဖမ်းမိခဲ့၏။သူတို့နှစ်ယောက် ကော်ဖီအတူတူသောက်ကြတုန်းကတောင် ဟဲကျင့်က ချင်ယွီနဲ့ သူက ဆက်ဆံရေးကောင်းကြောင်းပဲဝန်ခံခဲ့တာလေ ချစ်ကြည်ရေးပွဲကို လာကြည့်ဖို့ ထွေထွေထူးထူး
လည်း မရှိနေပဲနဲ့... ထုန်ရွှမ်က တိုးတိုးလေးပြောလာလေသည်။

"နင်ပွဲကြည့်ဖို့လာတာ တခါမှမမြင်ဖူးဘူးနော် နင်ပြောင်းလဲသွားတာလား?"

ဟဲကျင့် က ထုန်ရွှမ် ကို ကြိုးစားပြီးပြုံးပြလိုက်
သည်။ဟုတ်တယ် သူ့ဘဝက အများကြီး ပြောင်းလဲသွားတယ်။ ကျောင်းပထမဆုံးစတက်တဲ့နေ့က
ချင်ချင်ယွီနဲ့ ဆုံလိုက်ရတာကို သတိရမိသည် အဲ့နေ့ကလည်း တင်းနစ်ကလပ်က စီစဉ်တဲ့ ပြိုင်ပွဲရှိတာပဲလေ။ ချင်ယွီ နဲ့ သူ့အသင်းဖော်တွေက တင်းနစ်
ကွင်း ကို အပြေးအလွှားသွားခဲ့ကြပြီး ဧည့်ခန်းကနေ ထွက်လာချိန်မှာ ဟဲကျင်ရဲ့လက်ထဲကထမင်းဘူး မတော်တဆပြုတ်ကျသွားခဲ့ရတယ်လေ... အဲဒီ
တုန်းကတောင် ဟဲကျင့်က ဒီလို ပွဲတွေနဲ့ သူနဲ့ မသက်ဆိုင်ဘူးလို့ပဲ တွေးခဲ့တာ။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now