149:တသက်လုံးစောင့်နေမယ်

822 142 6
                                    

Unicode

ဟဲကျင့် ၏ မျက်လုံးများ ပြူးကျယ်လာပြီး မျက်ရည်များ စီးကျလာကာ သူ့ခေါင်းသည်လည်း ချင်ယွီပြောလိုက်သည့်စကားကြောင့်  ထုံကျင်သွားရသည်... ချင်ယွီရှေ့မှာသူဒီလိုစကားမျိုးပြောခဲ့ဖူးတာလား?သူအရက်မူးပြီးနောက်မှာ အဲ့လိုထိတောင်ပြောထွက်ခဲ့တာလား?

ချင်ယွီသည်ဟဲကျင့် ၏လက်ကိုထပ်၍မြှောက်ကာဖြင့်ချိန်းခြောက်လာပြန်သည်

"ငါ့ကိုကြည့်ပြီး မင်းကျိန်လိုက် မင်းမိဘတွေကိုတိုင်တည်ပြီးတော့ မင်းငါ့ကိုနောက်ထပ်မလိုချင်တော့ဘူးလို့ပြောလိုက်! မင်းငါနဲ့လုံးဝနောက်ထပ်ပတ်သက်စရာမရှိတော့ဘူးလို့ပြောလိုက်! အဲ့လိုဆို ငါ ချင်ယွီက ဒီဘဝမှာမင်းကိုလုံးဝမနှောင့်လှက်တော့ဘူး!ပြောလိုက်!"

ဟဲကျင့် ဘယ်လိုလုပ်ပြောထွက်မှာတဲ့လဲ?သူသည် မသိစိတ်က ခေါင်းကို ခါယမ်းလိုက်ပြီး သူ၏ နောက်ဆုံး စိတ်ပိုင်းဆိုင်ရာ ကာကွယ်ရေးစည်းက လုံးဝ ပြိုကျသွားတော့သည်။ သုံးနှစ်ကြာဝတ်ထားခဲ့တဲ့ မျက်နှာဖုံးက သူ့ရဲ့ငိုနေတဲ့မျက်နှာကို မဖုံးကွယ်ထားနိုင်တော့ပါချေ။

ချင်ယွီသည်ဟဲကျင့်ရဲ့ သနားဖို့ကောင်းသည့်အခြမ်းကိုကြည့်နေခဲ့သည်။သူကသူရဲ့အေးဆေး တည်ငြိမ်ချင်ယောင်ဆောင်ထားသည့် အပေါ်ယံမျက်နှာပြင်ကိုမထိန်းထားနိုင်တော့ပဲ သူ့ရဲ့မာနတွေ သူ့ကိုယ်သူတန်ဖိုးထားတာတွေလည်းမရှိတော့ဘဲ နောက်ဆုံးတော့ သူ့အစစ်မှန်ကိုပြလာခဲ့လေသည်။ချင်ယွီမှာတော့ သူ့ကိုတင်းတင်းကြပ်ကြပ်သာပွေ့ဖက်ထားချင်လိုက်တော့တာပါပဲ

ချင်ယွီကဟဲကျင့်ကို သူနဲ့နီးအောင်ဆွဲခေါ်လိုက်ပြီး သူ့လက်မောင်းထဲဖက်ထားခဲ့လေသည်။ အဲဒီလိုလုပ်တဲ့အချိန်မှာတော့ သူ့မျက်လုံးထောင့်တွေလည်း စိုစွတ်စပြုလာတော့ပါ၏

တခြားလူတွေအတွက်တော့ သုံးနှစ်ဆိုတာ မျက်စိတစ်မှိတ်အတွင်း ဖြတ်သန်းရသည့်ကာလတစ်ခုပါပင်။ သို့သော်ဟဲကျင့်နှင့်ချင်ယွီအတွက်တော့ သူတို့သည် စိတ်ပျက်အားငယ်မှု၊ အထီးကျန်မှုနှင့် ရုန်းကန်မှုများဖြင့်တစ်သက်တာ စောင့်ခဲ့ရသလို ခံစားခဲ့ရသည်။ဟဲကျင့် သည် စိတ်အားထက်သန်သည့်ဟော်မုန်းများဖြင့် တွန်းအားပေးနေသည့် အချစ်ရေးကသူ့နှလုံးသားထဲတွင် နက်နဲသော အမှတ်အသားအဖြစ် ကျန်နေခဲ့လိမ့်မည်ဟုဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now