110:ကောင်းလိုက်တဲ့ပွဲပဲ

763 143 2
                                    

Unicode

ကစားသမားတွေရဲ့ စိတ်နေစိတ်ထားနဲ့ ပတ်သက် ပြီးတော့ ဘယ်သူမှ သေချာမသိနိုင်ချေ။လင်မယားတွေဖြစ်နေပြီးတော့ တချိန်ထဲမှာပဲ သခင်နဲ့ pet အဖြစ် "Demon God" မှာ ကစားသူ နည်းပါးလှလေသည်။ အားကျင့် သည် "နှလုံးသားမဲ့ရဲ့မိန်းမ" ဟု လူသိများလာကာ ယခုအခါတွင်တော့သူက ဖာရက်အသွင်ကို ရုတ်တရက်ပြောင်းသွားတယ်တဲ့လေ။ ထိုမြင်ကွင်းက သေမင်းတမာန်ဓားကိုသာမက အခြားလူတိုင်းများပါ ထိတ်လန့်စေခဲ့သည်- ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ဒါပေမယ့် စနစ်က အဲဒီအကြောင်းကိုဘာမှမပြောခဲ့ပဲ နှလုံးသားမဲ့ မီးနဲ့ အားကျင့် တို့ဟာ ကွင်းထဲမှာ ရပ်ပြီး တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီပင်။

ပရိတ်သတ်တွေကလည်းအံ့သြစရာကောင်းတဲ့ ပွဲတစ်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီနော်။
အဲ့ဒါကစတင်တော့မယ်!

ဂိမ်းတစ်ခုလုံးတွင် ပထမအဆင့်ဆရာကြီး ဂုဏ်
ပုဒ်နဲ့ညီစွာ မီးသည် အဆင့်94 demon ကစားသမားကို အလွန်လွယ်ကူစွာ ကိုင်တွယ်နိုင်ခဲ့သည်။ အစကတည်းက သေမင်းတမာန်ဓား က သူ့ကို ပြန်မတိုက် နိုင်ခဲ့ချေ။

အိမ်မွေးခံရသော spirit pet အနေနဲ့အားကျင့်သည် သူ့စွမ်းအားကို ပြသရန် အခွင့်အရေး များစွာ မရှိခဲ့ပါ။တစ်ဖန် သူဂိမ်းထဲတွင်တွေ့ကြုံခဲ့ရသည့်အတွေ့အကြုံမှာနည်းနေသေးသည်။

တစ်မိနစ်မပြည့်မီတွင် စနစ်က သူတို့အနိုင်ရခဲ့ကြောင်း ကြေငြာခဲ့ပြီး သူတို့နှစ်ဦးကို ကွင်းပြင်သို့ ပြန်ပို့လိုက်တော့သည်...

စောင့်ဆိုင်းနေရာသို့ ပြန်ရောက်သောအခါ ဟဲကျင့်သည်လုံးဝအံဩသွားရတော့၏။

လူတိုင်းက သူတို့အတွက် စိတ်လှုပ်ရှားစွာ စောင့် မျှော်နေကြပြီး

"ကောင်းလိုက်တဲ့ပွဲပဲ!"

ရေသေသည် ကိုးခန်းမအရှင်မင်းမြတ်ကိုကြည့်ကာဖြင့်

"ငါဘာလ်ို့ သေမင်းတမာန်ဓားမှာ မင်းရဲ့အရိပ်အယောင်တွေကိုမြင်နေရပါလိမ့်?..."

ကိုးခန်းမအရှင်မင်းမြတ်: "သေလိုက်လေ ငါ မီးနဲ့ PK ရင်အနည်းဆုံး 3 မိနစ်ကြာတယ်ကွ!ဟုတ်ပြီလား?"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now