058: ထိပ်ပြောင်မယ်သတိထားနော်

841 165 1
                                    

Unicode

"အာ?" ဟဲကျင့် က သူ့ macchiato ကို တငုံသောက်ပြီး မော့ကြည့်လာလေသည်။

"အင်း ငါတို့ ဆက်ဆံရေးက အတော်လေးတော့ကောင်းပါတယ်နင်ကဘယ်လိုသိတာလဲ?"

ထုန်ရွှမ် သည်ဟဲကျင့် ကို စိုက်ကြည့်လိုက်သည်။ လူငယ်၏ နှုတ်ခမ်းများသည် နို့ပူဖောင်းများဖြင့် ဖုံးအုပ်ထားဆဲဖြစ်ကာ သူ့မျက်လုံးများသည် ဝိုင်းစက်ပြီး ကြည်လင်နေ၍ သူ့အသွင်အပြင်မှာ လုံးဝ အပြစ်ကင်းစင်နေလေသည်...
သူမ ပြောချင်သည့် စကားကို မပြောနိုင်ဖြစ်ရ၏။

သူမသည် ချင်ယွီပေါ်တွင် တစုံတရာ ခံစားခဲ့ရပြီး သူ့ကို လိုက်ချင်ကြောင်း ဟဲကျင့် ကို ပြောပြချင်ခဲ့သည်...
သူမ သူ့ကိုဘယ်လိုသဘောကျသွားရတာလဲဆိုတော့ သူမ တင်းနစ်ကွင်းကနေဖြတ်သွားတုန်းက ချင်ယွီက တခြားအသင်းဖော်နဲ့ အပျော်တမ်း ကစားနေခဲ့တာကိုရံဖန်ရံခါ တွေ့ရလေသည်။ သူ့အသွင်အပြင်က အားကစားကွင်းရဲ့တစ်ဖက်ခြမ်းကနေတောင် လင်းလက်နေပြီး သူမသည် ကူရာမဲ့စွာဖြင့် သဘောကျမိသွားတော့၏။

ဒါပေမယ့် ချင်ယွီ ကို သဘောကျတဲ့ မိန်းကလေး အရေအတွက်ဟာ တိုင်းတာလို့ မရဘူးဆိုတာ သူမသိပါတယ် သူတို့တွေ တန်းစီရရင် တရုတ်တခွင်လုံးထိတောင် ရှည်လျားသွားလောက်တယ်။
ထို့ကြောင့် သူမခံစားရသောအရာသည် စွဲလန်းရုံသက်သက်သာဖြစ်နိုင်ပြီး ချစ်ခြင်းမေတ္တာမဟုတ်ပေ။ လွန်ခဲ့သည့်နှစ်နှစ်က ဟဲကျင့် အတွက် သူမခံစားခဲ့ရသည့်အတိုင်းပင် နားမလည်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။

ထုန်ရွှမ် သည် ကျောင်းတွင် အလွန်ရေပန်းစားသောကြောင့် သူမသည် အလွန်ယုံကြည်မှုရှိပြီး ရဲရင့်သည်။ သူမလိုချင်တာကို သိပြီး သူတို့ကိုလိုက်ဖို့ လမ်းကြောင်းစပြုဖို့ကိုလည်း မကြောက်ဘူး။

ဟဲကျင့် နှင့် ချင်ယွီ သည် ရင်းနှီးသောကြောင့် သူမသည် ဟဲကျင့်ကို အကူအညီတောင်းရန် စဉ်းစားခဲ့သည်။ ချင်ယွီ ကိုသူမ့ အကြောင်း ဇာတ်လမ်းများ ဖြင့် ဆွဲဆောင်ခြင်းဖြင့်သော်လည်းကောင်း သူမတို့နှစ်ယောက်အတူရှိဖို့  အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့်သော်လည်းကောင်းပေါ့

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now