138:ဘေဘီဖတ်ထုပ်လေး

489 90 3
                                    

Unicode

ဟဲကျင့် သည် စိတ်မသက်မသာဖြင့် တိုက်ခန်းသို့ ပြန်လာခဲ့သည်။ ချင်ယွီသည်လည်းပြန်ရောက်မလာသေးပေ ဟဲကျင့်သည် ဆိုဖာပေါ်တွင် တွေဝေမိန်းမောစွာထိုင်နေလေသည်။

ကော်ဖီစားပွဲပေါ်ရှိ အပင်အိုးလေးသည် လျင်မြန်စွာကြီးထွားခဲ့သည်။ အသီးပန်းကန်ပေါ်တွင် လွန်ခဲ့သည့်ရက်အနည်းငယ်က သူတို့ဝယ်ခဲ့သည့် apricots နှင့် နဂါးမောက်သီးအချို့ရှိနေပြီး ၎င်းတို့သည် အလွန်လတ်ဆတ်နေသေးသည်။ ဆိုဖာ၏ ညာဘက်ခြမ်းတွင် ထားရှိထားသော စင်ပေါ်တွင်တော့ဂိမ်းကုမ္ပဏီက ချင်ယွီအား အစောပိုင်းက ပေးခဲ့သော နမူနာအချို့ ရှိနေခဲ့သည်။ မီးဖိုချောင်ထဲတွင် ရေဆေးထားသော မီးဖိုချောင်သုံးပစ္စည်း နှစ်စုံရှိသည်။ ဟဲကျင့်ကအဲ့ဒါကိုအပေါ်ကအဝတ်စနဲ့ဖုံးအုပ်ထားခဲ့သည်။ အိပ်ခန်းတံခါးကို ကျယ်ကျယ်ဖွင့်ထားသဖြင့် အိပ်ယာခင်းများကို ရှင်းရှင်းလင်းလင်း မြင်နေရသည် ။ ချင်ယွီကအရမ်းအပျင်းကြီးတာပဲ သူ့စောင်ကိုမခေါက်ထားပြန်ဘူး... ပြီးတော့သူကဖိနပ်အပါးကိုလည်းကြမ်းပေါ်မှာ ကြုံသလိုချွတ်ထားသေးတယ်။အဲဒီဖိနပ်တွေ... အဲ့ဒါတွေကို သူတို့ MUJI က ဝယ်ခဲ့တာ... ကော်ဇောက နှစ်ဝက်လောက်ရှိပြီဆိုတော့နည်းနည်းတော့ညစ်ပတ်နေပြီဒါပေမယ့်လည်းကြည့်ရတာနွေးထွေးနေတုန်းပဲ။အဲ့နောက်မှာတော့ သူပြတင်းပေါက်ကနေတဆင့်လသာဆောင်ကိုကြည့်လိုက်သည်။ကောင်းကင်ကြီးကမှုန်မိုင်းနေခဲ့ပါ၏။

ဤကမ္ဘာသည် သူတို့နှင့်သာဆိုင်သော ကမ္ဘာဖြစ်သည်။ ဒီမှာနေရတာ တခြားစုံတွဲတွေလိုပါပဲ... အတူတူ ချက်ပြုတ်ကြ၊ နမ်းကြ၊ ထိန်းမနိုင်သိမ်းမရ ချစ်ကြ၊ တစ်ယောက်နဲ့တစ်ယောက် ပြုစုစောင့်ရှောက်ကြတယ်... ခြောက်လအတွင်းမှာပဲ50 စတုရန်းမီတာအောက် ဒီနေရာလေးဟာ လှပတဲ့ အမှတ်တရတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ သူလက်မလွှတ်နိုင်ပါချေ။

ဒါပေမယ့်လည်း ခါးကုန်းနေပြီဖြစ်တဲ့ သူ့ရဲ့အဖေအိုကြီး စိတ်ကျရောဂါခံစားနေရတဲ့ ဆံပင်ဖြူ အမေအိုတို့ကို သူလျစ်လျှူရူထားလို့လဲမဖြစ်ပါ။နေမကောင်းတဲ့သူ့အမေကိုစောင့်ရှောက်ဖို့ သူ့အဖေတစ်ယောက်ထဲစောင့်ရှောက်ဖို့လွှတ်ထားလို့လဲမရပါ။အဲ့အမျိုးသမီးကနေမကောင်းဘူးပြီးတော့ သူ့မှာရှောင်လွှဲလို့မရတဲ့တာဝန်တွေလည်းရှိတယ်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now