106: ဒါကငယ်သေးတာပဲလေ

952 175 3
                                    

Unicode

ညနေစောင်းတော့ ဟဲကျင့်ကအလုပ်ဆင်းကာဖြင့် သူ့ခရီးဆောင်အိတ်ကိုဆွဲလျက် ကျောင်းအိပ်ဆောင်သို့ပြန်လေတော့သည်။

ကျောင်းပြန်မတက်ခင် တစ်ပတ်လိုသေးသဖြင့် ကျောင်းဝင်းတစ်ခုလုံး တိတ်ဆိတ်နေပြီး အားလုံးက အိပ်ပျော်နေသလိုပင်။ အိပ်ဆောင်တွင် မီးလင်းနေသည့်အခန်းနှစ်ခန်းသာရှိပြီး အခန်းတစ်ခန်းမှာ ပထမထပ်ကဖြစ်ပြီး နောက်တစ်ခန်းမှာတော့ စ
တုတ္ထထပ်ကဖြစ်သည်။

ဟဲကျင့်ကတော့သူပထမဆုံးရောက်တဲ့သူလို့ထင်ခဲ့သော်လည်း တစ်စုံတစ်ယောက်က ဟဲကျင့်ထက် စောပြီးရောက်နေပုံရလေသည်။

တစ်လလောက်ပိတ်ထားပြီးနောက်တော့အခန်းထဲတွင် ထူးဆန်းတဲ့အနံ့တစ်ခုရခဲ့ပေမယ့် ဟဲကျင့်ကတော့ အရမ်းကိုပုံမှန်ဆန်သော နွေးထွေးမူကိုခံစားရလေသည်။စားပွဲခုံ , စာအုပ်စင်, မီးအိမ်အသေးလေးတွေ ပြီးတော့ တစ်ယောက်အိပ်ကုတင်လေး သူအခင်းခင်းကာဖြင့်လှဲချလိုက်သည်။ဒါကမှအိမ်ပါပဲ

သူသည် သူ့မိသားစုကို မဆက်သွယ်သည်မှာ တစ်ပတ်ရှိပြီဖြစ်သည်။သူ့မိဘများ၏ နံပါတ်တွေကို ဘလော့ထားပြီးနောက် သူတို့ဆီမှလဲဘာသတင်းမှမရခဲ့ပေ။

သေချာတာပေါ့ သူစကားများတဲ့ကိစ္စကိုမမေ့ပါဘူး။သူဒီတိုင်းမတွေးရဲရုံပါပဲ။ရက်အနည်းငယ် လောက် စိတ်ငြိမ်သွားပြီးနောက်မှာတော့ သူစည်းကျော်သွားပြီဆိုတာသတိထားမိလိုက်သည်။ပြောရမယ်ဆိုရင်တော့ သူနောင်တတော့မရခဲ့ပါချေ။

ဒါက အနှေးနဲ့အမြန်ဆိုသလို သူလှမ်းရမယ့်ခြေလှမ်းပါပဲ။ ကျိုးကြောင်းဆီလျော်တဲ့ဆွေးနွေးမှုမျိုး မဖြစ်နိုင်တာကြောင့် အဆုံးတိုင်အောင် တိုက်ပွဲဝင်ရုံသာပင်။

တကယ်တော့ သူ့မိဘတွေက သူ့ကိုရှာဖို့ဆိုတာ အရမ်းလွယ်တယ်။ သူတို့က နံပါတ်အသစ်သုံးပြီး ဖုန်းခေါ်တာ ဒါမှမဟုတ် မက်ဆေ့ခ်ျပို့နိုင်တာပဲလေ။ သူ့ကျောင်း၊ မေဂျာနဲ့ သူ့အိပ်ဆောင်ရဲ့ လိပ်စာကိုလည်း သူတို့ သိတယ်။ ဌာနဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုဘယ်လိုဆက်သွယ်ရမလဲဆိုတာတောင်သူတို့သိသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now