153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ

657 137 3
                                    

Unicode

ဟဲမိသားစုရဲ့တိုက်ခန်းသည် 80 စတုရန်းမီတာသာ ကျယ်ဝန်းလေသည်။မီးဖိုချောင်နှင့် ဧည့်ခန်းတွင် တော့ တံခါးတစ်ခုရှိပြီးထိုဆွဲတံခါးမှာလည်း နံရံနားညပ်နေသည်မှာ အချိန်တော်ကြာပြီပင်။

ထို့ကြောင့် ချင်ယွီ မော့ကြည့်လိုက်သည်နှင့် မီးဖိုချောင်ထဲက ဟဲကျင့်နဲ့ ဟဲကျင့်အမေရဲ့ နောက် ကျောကို တွေ့လိုက်ရသည်။ ဟဲကျင့်သည် သူ့အမေ၏ ဆူပူခြင်းကို ခံရမည်ကိုလည်း စိုးရိမ်နေစရာမလိုပေ။

ချင်ယွီ ဆိုဖာပေါ်ထိုင်ချလိုက်သည်။ဟဲကျင့်အဖေက အနည်းငယ် စိတ်မသက်မသာဖြစ်ပုံရသော်
လည်း သူ့ဘေးနားရှိ ချောမောသော လူငယ်လေးအားမမေးပဲလည်းမနေနိုင်ခဲ့ချေ

"လူငယ်လေး မင်းနာမည်ဘယ်လိုခေါ်လဲ?"

ချင်ယွီ က သူ့နာမည်ကိုဟဲကျင့်အဖေကိုပြောပြလိုက်သည်။ သူက ချင်ယွီကို သူ့အသက် ဘယ်လောက်ရှိပြီလဲ ဘယ်ကလာလဲ လို့မေးတော့လည်းအလိုက်တသိပြန်ဖြေလေသည်

"အိုး ဒါဆို မင်းကဟဲကျင့်ထက်တစ်နှစ်ငယ်တာပဲ"

ဟဲကျင့်အဖေက သူနဲ့ဟဲကျင့်ရဲ့ဆက်ဆံရေးနဲ့ သူဘယ်လောက်တက်ကြွလဲဆိုတာကိုတွေးကြည့်လိုက်သည်။

ဟဲကျင့်အမေသည် မီးဖိုချောင်ထဲတွင် အသားနှင့်ဥများကို မျက်နှာအမူအရာမဲ့စွာဖြင့်ချက်ပြုတ်နေသော်လည်း ဧည့်ခန်းထဲတွင် စကားပြောဆိုသံများကို သူမ အာရုံစိုက်နေဆဲဖြစ်သည်။ ဟဲကျင့်သည်လည်း သူတို့ပြောနေတာကို သေချာနားထောင်နေခဲ့သည်။ ချင်ယွီ က သူ့မိဘတွေကို "အဖေ" နဲ့ "အမေ" လို့ ခေါ်တဲ့ပုံစံကြောင့် သူ ထိတ်လန့်နေတုန်းပဲ ပြီးတော့ အဲဒါနဲ့ ပတ်သက်ပြီး သူ အရမ်းရှက်သွားရပါ၏။ တစ်စုံတစ်ယောက်ရဲ့ မိဘတွေကို ပထမဆုံးကြိမ်တွေ့တဲ့အချိန်မှာပဲ  အဖေ အမေဆိုပြီးဘယ်သူကခေါ်လို့လဲ?သူကတကယ်ကြီးကိုမူမမှန်နေတာပဲ!

ချင်ယွီ: "ဟုတ်ကဲ့ ကျွန်တော်က သူ့ထက်ငယ်ပေမယ့် ပုံမှန်ဆိုလူတွေကသတိမထားမိကြဘူး သူနဲ့ရှိချိန်တိုင်းဆို ကျွန်တော်ကတော့ သူကပိုငယ်တယ်လို့ပဲခံစားနေရတော့တာပဲ"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now