111:ဝက်နံရိုးချိုချဉ်

779 152 5
                                    

Unicode

မီးပြန်လည်ရှင်သန်ပြီးနောက်တွင် ဟဲကျင့်သည် သူနဲ့စကားမပြောချင်သေးပေ။ကျောပေးကာဖြင့် မြက်ခင်းပြင်မှာထိုင်လိုက်ပြီး ခါးကပုလွေကို ယူ
လိုက်တော့သည်။

ဂိမ်းထဲမှာတော့ နေ့ခင်းဘက်ဖြစ်နေသေးသည်။ ကောင်းကင်က ကြည်လင်နေပြီး လေတိုက် လျက် ပေါ့။ ဟဲကျင့် သည် သူ့ပုလွေကို စတင်မှုတ်လိုက်သည်။

ပုလွေသံသည် သဘာဝအတိုင်း သာယာငြိမ့်ညောင်းလှပေသည်။ မီး က သူ့နောက်ကျောဘက်ကနေ အာရုံစိုက်ပြီး နားထောင်နေပါ၏။

နှစ်ယောက်သား မြက်ခင်းပြင်ပေါ်တွင် ထိုင်နေကြသည်။ ဖက်ထုပ်လေးသည် လေထဲတွင် ဖြည်းညှင်းစွာ ပျံနေကာ တခါတရံ ဟဲကျင့်ကိုစည်းချက်လိုက် ပေးသလိုမျိုး သူ့တင်ပါးလေးကိုတောင် လှုပ်ရမ်းတတ်သေးသည်။မိသားစု သုံးယောက်အတူရှိနေပုံမှာ အလွန်နွေးထွေးလှပါ၏။

သီချင်းဆက်သွားနေစဉ်တွင် ဟဲကျင့်သည် "ဒင်"ဟူသော အသံကိုကြားလိုက်ရကာ စနစ်က အသိပေးလာခဲ့သည်။

"သင်၏ပုလွေကျွမ်းကျင်မှုသည် အဆင့်ငါးသို့ရောက်ရှိသွားပါပြီ"

ဟဲကျင့် ခဏတာ အံ့အားသင့်သွားပြီးနောက်တစ်ခုခုကို ရုတ်တရက် ရိပ်မိသွားရသည်။ ထို့နောက် သူသည် မည်သို့တီးရမည်ကို သိထားပြီးဖြစ်သည့် သီချင်းများကို စစ်ဆေးပြီးနောက်တွင် သူနှင့် ရှူကျီးကျာ့လန်တို့ စတွေ့စဉ်က Bamboo Monster ကို
တိုက်ခိုက်ပြီးနောက်ရရှိခဲ့တဲ့ Bamboo တေးသီချင်းကိုတွေ့လိုက်ရတယ်။နောက်ဆုံးတော့သူဒါကို တီးလို့ရပြီ!

သီချင်းစာရင်းထဲက "Bamboo တေးသီချင်း" ကို စိုက်ကြည့်ရင်း သူ့ရဲ့ အရည်အချင်းတွေကို မိတ်ဆက်ထားတာကို တွေ့လိုက်ရသည်။ – "ဒီသီချင်းကို ဖွင့်တဲ့အခါ 'ပန်းကန်လုံး' ကို သုံးလိုက်တာနဲ့ မမျှော်လင့်ထားတဲ့ အကျိုးသက်ရောက်မှုတွေကို တွေ့ရပါလိမ့်မယ်။ "

ဟဲကျင့်: "... "

အဖွဲ့ထဲက တစ်ယောက်က မီး ကို ဒုတိယပွဲစဉ်ရဲ့ ပြိုင်ဘက်အကြောင်းကို ဆွေးနွေးခိုင်းလာသည့်အတွက် ချင်ယွီသည် အော့ဖ်လိုင်းအရင်ဆင်းခဲ့ရလေတော့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now