117:ခွေးနတ်ဆိုးနဲ့ battle

642 140 1
                                    

Unicode

နောက်ဆုံးပွဲစဉ်ဖြစ်တာနဲ့အညီ အရင်ပွဲတွေကထက် စာရင်ပိုပြီးတော့ ပုံစံတကျရှိနေလေသည်။

ပွဲမစခင် မိနစ် 40 လိုသေးပြီး နှစ်ဖက်ခေါင်းဆောင် များက ကစားသမားစာရင်းကို အဖွဲ့အစည်းသို့ ပေးပို့ခဲ့လေသည်။ ထိုအချိန်မှစ၍ စာရင်းများသည် မပြောင်းလဲဘဲ ရှိနေမည်ဖြစ်သည်။

မွန်းလွဲ 1:30 တွင်တော့အဖွဲ့နှစ်ဖွဲ့ကို စောင့်ဆိုင်းဧရိယာ သို့ ကြိုတင်ပြောင်းရွှေ့ထားသောကြောင့် သူတို့က နေရာအသီးသီးတွင် ကွဲကွာသွားကာ အချင်းချင်း မတွေ့နိုင်ကြတော့ပေ။

ဖိုင်နယ်သို့ဝင်ရောက်လာသည့် လွမ်းမောဖွယ်ချစ်ခြင်းအသင်းမှအဖွဲ့ဝင်များကတော့ မီး၊အားကျင့်၊ရေသေ၊ရှူကျိီးကျာ့လန်၊ကြိုးကြာရိုင်း၊လွင့်မြောတိမ်တိုက် အားလုံးပေါင်း 6ယောက်သာရှိသည်။

မွန်းလွဲ 1 နာရီ 40 မိနစ်တွင် host များသည် စောင့် ဆိုင်းဧရိယာကို ချိတ်ဆက်ကာဖြင့် နှစ်ဖက်စလုံးမှ ကစားသမားများနှင့် တိုက်ရိုက်ဆက်သွယ်ခဲ့သည်။ သူတို့က ပွဲမစခင်တွင်ခေါင်းဆောင်တွေအား သူတို့ရဲ့ အသင်းဖော်တွေကို လှုံ့ဆော်အားပေးရုံသာမက သူတို့အသင်းအတွက် မဲအရေအတွက် တိုးလာဖို့အတွက်ကိုပါ စကားအနည်းငယ်ပြောခွင့်ပေးခဲ့သည်။

ဟာဂင်ဒတ်စ်အသင်းမှ အဖွဲ့၀င်များသည် ဤကြေငြာချက်သည် ပရိသတ်အားလုံးအတွက် ရည်ရွယ် ကြောင်း သိရှိသွားသောအခါတွင် အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။ သူတို့အားလုံး
ခဏတာ အချင်းချင်း ဆွေးနွေးကြပါတော့တယ်။ နောက်ဆုံးတော့ ဟာဂင်ဒတ်စ်ကရှေ့ထွက်ကာဖြင့် သူ့လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားလျက် အော်ဟစ်ကြွေးကြော်ခဲ့သည်။

"သူ့ရဲ့ အထွတ်အထိပ်ခေတ်က ကုန်ဆုံးသွားပြီဆိုတာကို မီး နားလည်စေရမယ်!"

ဒီဟစ်ကြွေးသံဟာ မာန်အရှိန်အဟုန်နဲ့ ပြည့်နေပေမယ့် သုံးသပ်ကြည့်မယ်ဆိုရင် ဟာဂင်ဒတ်စ်ဟာ ပြိုင် ဘက် လွမ်းမောဖွယ်ချစ်ခြင်းအသင်းကိုရည်ရွယ် တာမဟုတ်ပဲ မီးကိုယ်တိုင်ကို ရည်ရွယ်နေတာပင်။ အဓိကအကြောင်းအရာကို ပစ်မှတ်ထားခြင်းမရှိသည့် ယင်းဟစ်ကြွေးသံသည် ပရိသတ်ကို ငြီးငွေ့စေသော်လည်း အချို့သောမီးရဲ့ anti fanတွေကတော့ဟာဂင်ဒတ်စ်ကို ချီးကျူးခဲ့ကြသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now