075:မဝင်လာနဲ့

918 177 16
                                    

Unicode

"ချစ်ကလေး" ဟူသော စကားလုံးကို မြင်ပြီးနောက် အိပ်ချင်နေတဲ့စိတ်က ချက်ချင်းလွင့်ပျယ်သွားတော့သည်။ပြီးနောက် တယောက်ယောက်ဆီကမိသွားမှာစိုးရိမ်သလိုမျိုး လက်ကိုစောင်ထဲထည့်ဖွက်လိုက် လေရဲ့

တစ်ဖန် သူ အိပ်ပျော်သွားသည်နှင့် ဟဲကျင့် သည် အိပ်မက်တစ်ခု မက်ခဲ့သည်။ အဲ့အိမ်မက်ထဲမှာ မီးနဲ့ ချင်ယွီပါပြီး နောက်ပိုင်းဘာဖြစ်သွားမှန်းမသိပေမယ့် လူနှစ်ယောက်ရဲ့ ပုံတွေက ထပ်ကာ ချင်ယွီအဖြစ်ပြောင်းသွားလေသည်။ ချင်ယွီက သူ့အပေါ်လဲလျောင်းနေကာ သူတို့ကအဲ့ဒါကိုလုပ်နေကြတယ်။ဟဲကျင့် ကအရမ်းသက်တောင့်သက် သာ ခံစားနေပြီးတော့ ဒီလို ပျော်ရွှင်မှုမျိုး တစ်ခါမှ မကြုံဖူးဘူး အဆုံးတွင် ချင်ယွီကသူ့ နားရွက်ကိုကိုက်လိုက် ပြီး "အားကျင့် ငါ မင်းနဲ့ ကလေးလေးလိုချင်တယ်~" လို့ စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။

ဟဲကျင့်ချက်ချင်းပဲနိုးလာတော့တယ်  ပြတင်းပေါက်အပြင်ဘက်က ကောင်းကင်က တောက်ပနေပြီး သူကတော့ ချွေးတွေ တအားထွက်နေခဲ့သည် ။

ခဏနေတော့ သူ့ခန္ဓာကိုယ်ရဲ့ တစ်နေရာရာကအဆင် မပြေဖြစ်နေတာကိုခံစားလိုက်ရပြီး ဟဲကျင့် ကုတင်ပေါ်က ဆင်းကာ ရေချိုးခန်းထဲသို့ ပြေးသွားတော့သည်...

ထိုအချိန်တွင် အိပ်ရာပေါ်ရှိနေဆဲဖြစ်သော ဟုန်တုန် ယွမ်က ရေချိုးခန်းထဲက ရေကျသံကိုကြားကာ နိုးလာတော့သည်။လက်ပတ်ကိုကြည့်လိုက်တော့ ရှစ်နာရီကျော်နေပြီဖြစ်ကာ ကျောင်းသွားဖို့ အချိန် တန်လေပြီ။

သူ ရေချိုးခန်းတံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သော်လည်း လော့ခ်ချထားသည်ကို တွေ့လိုက်ရတော့သည်

"ကျင့်ကော ဘာလုပ်နေတာလဲ?"

ရေချိုးခန်းထဲမှာရှိတဲ့ ဟဲကျင့်က သေမလောက် ကြောက်ရွံ့သွားပြီး သူ့ဘောင်းဘီအတွင်းပိုင်းကို အမြန်ပွတ်လိုက်ကာ တည်ငြိမ်စွာနဲ့ပြောလိုက်သည်။

"ငါ ရေချိုးနေတယ် မင်းခဏစောင့်ဦး!"

သူဘာလို့ မနက်အစောကြီး ရေချိုးနေတာလဲ?ဟုန်တုန်ယွမ် က မျက်မှောင်ကြုတ်ပြီး ဟဲကျင့် ရဲ့
ရှုပ်ပွနေတဲ့ ကုတင်ကို ကြည့်လိုက်တယ်...၊
သူ အဲ့ဒါကိုလုပ်နေတာဖြစ်နိုင်လောက်လား?
ဟဲကျင့်လိုလူမျိုးကတော့ သူ့ဗီဇအရ သူ့ကိုယ်သူအဲ့လိုလုပ်ခွင့်ပေးမယ့်သူဟုတ်မနေဘူးရယ်။မဖြစ်နိုင် ဘူးနော့

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now