127:Snowtownကိုခေါ်သွားမယ်

766 139 4
                                    

Unicode

ချင်ယွီ က သိပ်နားမလည်စွာဖြင့်

"ဘာအကြောင်းလဲ?အလုပ်လား?"

ဟဲကျင့် :"ဟုတ်​တယ်​ မင်းက ဂိိမ်းထဲမှာ host ဆက်လုပ်မှာလား?"

ချင်ယွီကခေါင်းခါပြလိုက်သည်။ရေသေသည်
လည်းတူညီသောမေးခွန်းကိုမေးခဲ့ပြီး အခုလည်းသူတူညီသောအဖြေကိုပဲဖြေခဲ့လေသည်။

"ဒါကငါ့ဝါသနာပါပဲ ရှင်သန်နေထိုင်ဖို့အတွက်တော့ ဒါကိုငါမှီခိုမှာမဟုတ်ဘူး"

ဟဲကျင့်: "ဒါဆို မင်းရဲ့နောက်ထပ်အစီအစဥ်ကဘာလဲ?"

"အမ်း..."

ချင်ယွီကသူ့ရဲ့ တင်းနစ်ဘောလုံးကိုပစ်လိုက်ပြီး သူ့အကြည့်တွေကဘောလုံးအထက်အောက်ခုန်နေတာဆီကိုလိုက်သွားလျက်ပြောလာသည်။

"ဘွဲ့ရပြီးရင် အဖေက သူ့ကို ကူညီစေချင်ပေမယ့် ရိုးရိုးသားသားပြောရရင်တော့ ငါ ဘာလုပ်ရမယ်ဆိုတာကို မတွေးဖူးဘူး"

ဟဲကျင့်: "မင်းအဖေက မင်းကိုဘာကူညီစေချင်တာလဲ?"

ချင်ယွီ:  "သူ့ကုမ္ပဏီက မော်တော်ယာဉ်အစိတ်အပိုင်းတွေ ကိုအဓိက supply လုပ်တာလေ တရုတ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့  xx ဘရိတ်စနစ် အစိတ်အပိုင်းတွေရဲ့ supplier ပေါ့"

ချင်ယွီ မှဖော်ပြခဲ့သော နာမည်သည် လူသိများသော ဂျာမန်မော်တော်ကားအမှတ်တံဆိပ်တစ်ခုဖြစ်ပြီးတော့သူအံ့သြသွားကာမေးလိုက်သည်။

"မင်း mechanic ကို သင်တာက မင်းအဖေလုပ်ငန်းနဲ့ စပ်ဆက်နေလို့လား?"

"ဒီလိုပါပဲ ဒါပေမယ့်မတူတာတွေတော့ရှိတုန်းပဲ။တကယ်လို့ သူ့ကိုငါကူရင်တောင် စက်ပစ္စည်းနဲ့ဆိုင် တာမဟုတ်ဘူးငါ စီးပွါးရေးပဲလေ့လာမှာ"

သူကပုခုံးတွန့်ကာဖြင့်

"အဲဒါနဲ့ယှဉ်ရင် ငါတကယ်လုပ်ချင်တဲ့ဟာကိုပဲလုပ် ဖို့ပိုများတယ် startup company တစ်ခုထောင်တာလိုမျိုးပေါ့ ငါတကယ်လို့ သူ့ဆီမှာသာလုပ်ချင်ရင် လွန်ခဲ့တဲ့နှစ်အနည်းငယ်ထဲကလုပ်ပြီးလောက်ပြီ ငါဘွဲ့ရအောင်တောင်စောင့်စရာမလိုဘူး"

ဟဲကျင့်: "ဒါဆို မင်းအဲ့လိုမလုပ်ရင် မင်းအဖေ ဘယ်လိုလုပ်မှာလဲ?"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Donde viven las historias. Descúbrelo ahora