061: ဒိတ်လုပ်နေသလိုမျိုးပဲ

912 165 1
                                    

Unicode

ဟဲကျင့်၏ နောက်ကျောသည် သံပြားပူပူကဲ့သို့ ပူလောင် နေသည်။ သူသည် လူများဝိုင်းရံခံထားရသော်လည်း သူ့နောက်တွင်တော့ ထိုသူတစ်ယောက်ပဲရှိကာ သူမှလွဲ၍ မည်သူမျှ ထိခွင့်မရပုံပင်။

သူသည် တစ်ဖက်လူဆီမှ ဖယ်ခွါချင်သော်လည်း ချင်ယွီက သူ့နောက်မှ ရုတ်တရက် တိုးတိုးလေး ပြောလာသည်။

"မတ်မတ်ရပ်"

နွေးထွေးသောအသက်ရှုသံသည် နားရွက်ကိုခလုတ် တိုက်သွားလေသည်။သံလိုက်လိုအသံသည်
နုနယ်သောအာရုံကြောများကိုတိုက်ခိုက်သွားပြီး သူဘာလုပ်ချင်နေတာလဲဆိုတာပါမေ့သွားစေ၏။.. သူသည် ချင်ယွီက တင်းနစ်ကစားရန် သင်ပေးသည့် ပထမဆုံးအကြိမ် ထို့အပြင်ဟိုလိုဂရပ်ဖစ်ဂိမ်းတွင် မီးရဲ့ရင်ခွင်ထဲမှာနေ၍ သနားဖွယ် မီးလျှံကို အတူတူစီးကြသည့်အချိန် ထိုနှစ်ကြိမ်လုံးတွင်အခြားလူတစ်ဦး၏နောက်မှ ပွေ့ဖက်ခြင်းကို ခံရသည် ကို သတိရသွားလေသည်။...

သူ့အတွင်း၌ ထူးဆန်းသော သွေးခုန်နှုန်းတစ်ခု ထွက်ပေါ်လာပြီး ဦးနှောက်ထဲတွင် တစ်စုံတစ်ရာ ကိုဖျက်ဆီးလိုက်၍ ပေါက်ကွဲသွားသကဲ့သို့ သူ့ခေါင်းကို တဝီဝီမြည်သွားစေကာ သူ့စိတ်ကို ဆူညံသွားစေ
သည်။

ဟဲကျင့် သည် သူ့ အသက်20 ကျော် တွင် ပထမဆုံးအကြိမ်အဖြစ် ဤသွေးခုန်နှုန်းကို ခံစားခဲ့ရသော်
လည်း  သူနဲ့ လိင်တူသည့် တစ်စုံတစ်ဦးအတွက်
ရည်ရွယ်နေခဲ့တာဖြစ်နေပါ၏။

ချင်ယွီသည် သူ့လက်ကို ဘယ်အချိန်ဖယ်လိုက်သလဲကို သူမသိလိုက်ပါ။ မြေအောက်ရထားဘူတာမှ ထွက်ခွာလာစဉ်တွင် အေးစက်သောလေများ တိုက် ခတ်လာသည်ကို ခံစားလိုက်ရပြီးနောက်မှ သူ့စိတ် တွေပြန်လည်ရောက်ရှိလာတာပါပင်။

ဟဲကျင့်သည် အနီရောင်နှင့် အစိမ်းရောင်မီးရောင် များ ဖောက်ထွင်းမြင်ရသည့် ကုလားကာများဖြင့် ဝန်းရံထားသည့် ညဈေးတန်းများ စာလုံးအမျိုးမျိုးနှင့် အီလက်ထရွန်းနစ် ဆိုင်းဘုတ်များ- ပေကျင်းလက်ဟောင်းခေါက်ဆွဲ၊ရှန်ဟိုင်းကျောက်ပုစွန်၊ ဟန်ကော မြေအိုးထမင်း စသည်ဖြင့်...စုံလင်လှတဲ့မြင်ကွင်းဖြင့်ကြိုဆိုခံလိုက်ရ၏။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now