028:ယောကျာ်း ကောင်းသောညပါ

1K 194 4
                                    

Unicode

ဤကြေငြာချက်အပြီးတွင် World ချန်နယ် သည် တစ်ဖန်ပေါက်ကွဲခဲ့သည်။

World ချန်နယ် 'အန်း'- "စခရင်ရှော့!!!"

World ချန်နယ်  'နွေဉီးရဲ့သား  နွေရာသီအစောပိုင်း'- "Demon God မှာ အပြင်းထန်ဆုံးအဖွဲ့တစ်ဖွဲ့ ထပ်ပေါ်လာပြီကွ!"

World ချန်နယ် '泤泤 နွေရာသီ'- "ငါ အခုဘာတွေ့လိုက်တာလဲ!ပန်းယီယီ ရဲ့ နာမည်က ဘာလို့မရှိတာလဲ!"

World ချန်နယ် 'ခုန်မနေနဲ့': "နတ်သမီးလေးကျင့်  က တကယ့်ကို ကြီးမြတ်တဲ့ နတ်ဘုရားရဲ့ မိန်းမပဲ..."

World ချန်နယ် 'မြေခွေးလေးနှင်တံ' - "ဘာလို့လဲတော့မသိဘူး ဒါပေမယ့် ငါ ပန်းယီယီကို ရုတ်တရက် ဖက်ထား ပေးချင်သွားပြီ..."

World ချန်နယ်  'ကောင်းကင်ကြီးကိုပြုံးပြလိုက်': "နှလုံးသားမဲ့ မီးက  'နတ်သမီးလေး အားကျင်း' ဆိုတဲ့ တစ်ယောက်ကို တစ်ခါလောက် ပြန်ဖြေတာကို မှတ်မိကြသေးလား?"

World ချန်နယ် 'ချစ်ဖို့ကောင်းနေလိုက်' - "သတိရပြီ!။ အော်~ ~ အဲ့တုန်းက အဖြစ်အပျက်ကို အခုတော့ နားလည်ပြီထင်တယ်!"

World ချန်နယ် 'အပျင်းလေးမုန်ကျီကျီ'- "နတ်သမီးလေးအားကျင်းက ဘယ်သူလဲ?အဲဒီလူက နတ်သမီးလေးကျင့် နဲ့ တူတူပဲလား? ဒီမှာ လူသစ်လေးပါ  အတင်းအဖျင်းအနုပညာနဲ့ ငါ့ကို အလင်းပေးစမ်းပါဉီး!"

World ချန်နယ်'ဘုရင်'- "မဟုတ်ဘူး၊ သူကဟိုးတုန်းက World ချန်နယ် မှာ နှလုံးသားမဲ့ မီးရဲ့ ပြန်စာကိုရခဲ့တဲ့တစ်ယောက် ဒါပေမယ့် မကြာခင်မှာပဲ သူမကို မနာလိုတဲ့ ကစားသမားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဂိမ်းကို စွန့်လွှတ်ခဲ့တယ်လေ"

World ချန်နယ်'အပျင်းလေးမုန်ကျီကျီ- "အရမ်းကြောက်စရာကောင်းတယ် QAQ "

World ချန်နယ် 'ခြေဆွဲသီး'- "နှလုံးသားမဲ့မီးက ရေသေနဲ့ပဲ ဖြစ်သင့်တယ်! ငါ ပန်းယီယီ ကို မုန်းတယ်  နှလုံးသားမဲ့မီးက ရေသေနဲ့ပဲ ဖြစ်သင့်တယ်! နတ်သမီးလေးကျင့် ကို မုန်းတယ်။ နှလုံးသားမဲ့မီးက ရေသေနဲ့ပဲ ဖြစ်သင့်တယ်! မိန်းမတိုင်းကိုမုန်းတယ်!"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now