051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း

800 148 3
                                    

Unicode

အားကျင့်နှင့် PK ကစားရာတွင် မီးသည် ရက်စက်ဆဲ ရက်စက်မြဲပင်။ဟဲကျင့် သည် သူ၏ကျွမ်းကျင်မှုအသစ် "အရည်ပျော်စေသော ချစ်စရာကောင်းမူ" နှင့် "ချက်ချင်းလှုပ်ရှားမူ" တို့ကို ထပ်ခါတလဲလဲ အသုံးပြုခဲ့သော်ငြားလည်း သေခြင်းမှလွတ် မြောက်ရန် ခက်ခဲနေဆဲဖြစ်သည်။

အကြိမ်ပေါင်းများစွာ ဖျက်ဆီးခံခဲ့ရသေးပြီး အဆုံးမှာတော့ ဖာရက် အားကျင့် ဟာ မီးရဲ့လက်ပေါ်မှာ အင်အားမဲ့စွာ လဲလျောင်းနေရသည်မှာ ကျိန်ဆဲဖို့ပင် အားတောင်မရှိတော့ပေ။

"ဘာဖြစ်လို့လဲ?" ထိုအချိန်တွင် မီး သည် အထူးသဖြင့် နူးညံ့သိမ်မွေ့နေပြီး သူ၏ အပြုံးသည် ထူးထူးခြားခြား တောက်ပနေသော်လည်း ဟဲကျင့် ၏ အမြင်တွင်တော့ သူ၏ ထို အပြုံးသည် အမှန်တကယ် တော့ လှောင်ပြောင်နေတဲ့  အပြုံးနဲ့ ရယ်နေတဲ့ ပုံက ဆိုးသွမ်းတဲ့ အာဏာရှင် လိုပဲ!

အကယ်၍ မီး နဲ့ ဟုန်တုန်ယွမ် ၏ PK  တိုက်ပွဲကို မမြင်ဖူးပါက သူသည် စိတ်အခြေအနေဆိုးရွားမည် မဟုတ်သော်လည်း သူတို့ကြားရှိ ကွဲပြားသော ဆက်ဆံ ပုံကို မြင်တွေ့ပြီးနောက်တွင်တော့ သူ့၏ နှလုံးသားသည် အထူးကိုတင်းကြပ်သွားခဲ့သည်။

"စိတ်ဓာတ်ကျနေပြန်ပြီလား?"
ထို့နောက် မီးသည် ဖာရက်၏နှာခေါင်းကို ထိရန် အာရုံရောက်နေသေးသည်။ သို့သော် အရမ်းစိတ်တိုနေတဲ့ ဟဲကျင့် ကတော့  မီး ရဲ့လက်ချောင်းတွေကို ကိုက်ချလိုက်တော့သည်။

မီး :"....."

မီးသည် ဖုံးကွယ်မထားပဲ တကယ်ပင် သူ့ကို ငုံ့၍ ပြုံးကြည့်နေသေးသည်။၎င်းသည် ဟိုလိုဂရပ်ဖစ် ဂိမ်းတွင်သာရှိသောကြောင့် ဖာရက် ကိုက်ခံရခြင်းသည် သွေးထွက်မည်မဟုတ်သလို နာကျင်မှုလည်းမရှိပါ၊ ဤအကိုက်ခံရမှုသည် နတ်အိမ်မွေးတိရစ္ဆာန်များနှင့် ၎င်းတို့၏အိမ်မွေးသခင်များကြားတွင် ချစ်ခင်ကြင်နာမှုလက္ခဏာတစ်ခုအဖြစ် ရှုမြင်သောကြောင့် ထိခိုက်မှုမရှိပေ။

ဟဲကျင့် သည် သူ၏ တဒင်္ဂတွန်းအားကြောင့် ရှက်ရွံ့မူ ကျန်ရစ်ခဲ့ရသည်။ လက်တွေ့မှာ ဒီလိုဖြစ်ခဲ့ရင် သူ အရမ်းစိတ်ဓာတ်ကျနေလိမ့်မယ်။ ဒီလို လူ တစ် ယောက်ကို ဘယ်လိုတောင် ကိုက်နိုင်ရတာလဲ..

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now