161: အချပ်ပို ၆

528 114 8
                                    

Unicode

သီတင်းပတ်အကုန်တွင်တော့ လွင့်မျောတိမ်တိုက်နဲ့ ကြိုးကြာရိုင်းတို့ရောက်လာခဲ့တော့သည်။

သုံးယောက်သား မိသားစုဝင်တွေ အမြန်ဆုံးဆုံတွေ့ခွင့်ရဖို့အတွက်ချင်ယွီနဲ့ ဟဲကျင့်ကလေဆိပ်ကို ခေါ်သွားဖို့ စီစဉ်ခဲ့ကြလေသည်။ ထုံးစံအတိုင်း ဖက်ထုပ်လေးသည် အိမ်မှာတစ်ယောက်ထဲနေခဲ့ရန်ငြင်းဆန်နေခဲ့ပြီး သူပါလိုက်လာချင်နေတော့ သည်။

ဒီရက်အနည်းငယ်အတွင်းမှာပဲ ကလေးနှစ်ယောက် ဟာ မကြာခဏ အချင်းချင်း ဆော့ကစားနေကြပြီး အခုချိန်မှာတော့ အရမ်းရင်းနှီးလာခဲ့ကြလေပြီပင်

လေဆိပ်ကိုရောက်ပြီးနောက် ဟဲကျင့်က လေယာဉ်ပေါ်ကဆင်းလာတဲ့ကြိုးကြာရိုင်းကိုဖုန်းဆက်ကာ သူတို့ဘယ်နေရာမှာလဲဆိုတာကိုပြောပြခဲ့သည်။

မီးအိမ်လေးသည် ချက်ချင်းငြိမ်ကျသွားကာကားမှန်ပေါ်တွင် မှီနေပြီး အပြင်ကို စူးစိုက်ကြည့်နေခဲ့သည်။လွင့်မျောတိမ်တိုက်နှင့်ကြိုးကြာရိုင်းကို မြင်
လိုက်ရသောအခါတွင်ကားမှန်ကိုခေါင်းနဲ့တိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေတော့သည်။ သူ့အဖေတွေနဲ့တွေ့ဖို့ကိုအရမ်းတွေပျော်ရွှင်နေတော့တာပါပဲ

"အာ!ကားမှန်ကိုချလိုက်!"

ဟဲကျင့်သည် မီးအိမ်လေး ကြေမွသွားမည်ကို စိုးရိမ်နေပြီး ချင်ယွီကို အမြန်သတိပေးလိုက်သည်။

ချင်ယွီက ခလုတ်ကို နှိပ်လိုက်သည်နှင့် မီးအိမ်လေးသည် လေကဲ့သို့ ချက်ခြင်း ထွက်သွားပြီး ကြိုးကြာရိုင်းလက်ထဲသို့ ပြုတ်ကျသွားတော့သည် ။ ပါပါး ဟုအော်ရင်း စိတ်လှုပ်ရှားစွာ အပေါ်အောက် ခုန်ပေါက်နေသည်မှာ ယခင်ကဲ့သို့ ကြောက်ရွံ့ခြင်းလဲမရှိနေချေ။

"အိုး!"

ကြိုးကြာရိုင်းသည်လည်းအရမ်းပျော်နေပုံရလေသည်။ ဂိမ်း ထဲမှာ ကလေးရှိတဲ့ ခံစားချက်က သူ့ရှေ့မှာ ပေါ်လာမှာကို သူတခါမှစိတ်ကူးမယဉ်ဖူးခဲ့ပါချေ။ ဒီအချိန်မှာ သူဘာလုပ်ရမှန်းမသိလောက် အောင် စိတ်လှုပ်ရှားနေလေ၏။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now