074:မင်းတစ်ယောက်ထည်းပါပဲ

954 200 12
                                    

Unicode

ဟဲကျင့်သာမက မီး သည်လည်း "လျှို့ဝှက်ဆန်းကြယ် သောမျိုးစေ့" ဆုကိုရရှိခဲ့သော်လည်း ဤလျှို့ဝှက်ဆန်းကြယ်သောမျိုးစေ့ကိုတော့ "ကလေးမွေးခြင်းဆိုင်ရာ လမ်းညွှန်" နှင့်တွဲ၍ မကြေငြာခဲ့ပေ။

သူတို့နှစ်ဦးသည်တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်သည်။မီးသည်လည်း World ချန်နယ် မှာပြောလိုက်တဲ့ ကစားသမားနဲ့ အတွေးတူနေကာ အနည်းငယ်စိတ်လှုပ်ရှားနေလေသည်။ပြီးတော့ အမြန်မလှုပ်ရှားရင် ဟဲကျင့်ရှောင်ပြေးသွားမှာစိုးရတယ်။သူကဟဲကျင့်ကိုတိုက်တွန်းလာတော့သည်။

"လမ်းညွှန်ကိုလေ့လာကြည့်ရအောင်"

ဟဲကျင့်ရဲ့လက်တွေက တုန်ယင်နေကာ လမ်းညွှန်စာအုပ်ကိုဖွင့်လိုက်တော့သည်။

"..."

ထိုအချိန်မှာပဲ စနစ်က အသိပေးသံထွက်လာလေသည်။

"သင်သည် ကလေးမွေးခြင်းစွမ်းရည်ကို သင်ယူပြီးပါပြီ"

ကလေး...မွေးခြင်း....စွမ်းရည်

ဟဲကျင့်သည် လုံးဝကိုရှုပ်ထွေးသွားတော့သည်...

ဟဲကျင့် သည် လမ်းညွှန်ကို လှန်ကြည့်သော်လည်း ၎င်းသည် သင်ယူမှုစံနှုန်းတစ်ခုသာဖြစ်သည်။ တကယ်တော့ သူဘာကိုမှ မမြင်လိုက်ရဘဲ သင်ယူပြီးကြောင်း စနစ်ကပြောတာကိုသာ ကြားလိုက်ရတာဖြစ်သည်။ထို့နောက်တွင်တော့ လမ်းညွှန်စာအုပ် က ချက်ချင်းကိုပျောက်သွားကာ ဘာမှကိုမကျန်တော့ပေ။

ဟဲကျင့်ကတော့ ကလေးရဖို့ ဘာလုပ်ရမလဲမသိသေးဘူးလို့!

နေပါဉီး! သူကဘာလို့ ဘာလုပ်ဖို့ လိုလဲဆိုတာ သိဖို့လိုရမှာလဲနော်! (╯‵□')╯(┻━┻)

အဲ့အချိန်မှာတော့ မီးထံတွင် အပြုံးပါးပါးလေး တည်ရှိနေလေသည်။ခုနတုန်းက ဟဲကျင့် စာအုပ်ကိုလှန်လိုက်တုန်းက သူစာတစ်ကြောင်းကိုတွေ့လိုက် တယ်လေ

"ပထမဉီးဆုံး အမျိုးသားက လျှို့ဝှက်ဆန်းကြယ် တဲ့ မျိုးစေ့ကို သုံးဆောင်ဖို့လိုအပ်ပြီး လင်မယားနှစ် ယောက် အတူအိပ်လိုက်ပါက ခုနှစ်ရက်အကြာတွင် ထူးခြားတာတွေ့ရလိမ့်မယ်"ဟူ၍

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now