064:လက်ထပ်ပွဲသတင်း

942 175 9
                                    

Unicode

ပန်းယီယီ ဘေးနားက လူတွေကလည်း ကိုးခန်းမတို့ မီးတို့ရဲ့ အဖွဲဲ့ နဲ့သူငယ်ချင်းတွေပဲလားဟု ဟဲကျင့်က တွေးလိုက်သည်။ ဒါပေမယ့် လည်း အခြေအနေကိုကြည့်ရတာတော့ မဖြစ်နိုင်ဘူးထင်တယ်။ ဘာလို့လဲဆို တခြားသူတွေက သူတို့ ဒီမှာရပ်နေတာကို သတိမထားမိပေမယ့် အနက်ရောင်နဲ့ ရွှေချပ်ဝတ်တန်ဆာ ဝတ်ထားတဲ့ သူက သူတို့ဖက်ကို မထီမဲ့မြင် ပြုံးပြနေတယ်လေ

တံခါးသည် မြို့ထဲသို့ဝင်ရန် တစ်ခုတည်းသော ဝင်ပေါက် ဖြစ်သောကြောင့် အဖွဲ့နှစ်ဖွဲ့သည် မျက်နှာချင်းဆိုင်ခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့သည်။ ထိုအဖွဲ့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကိုမြင် တော့ ဟဲကျင့်သည် ပန်းယီယီက သူတို့ကို နှုတ်ဆက်မည်ဟု တွေးလိုက်သော်လည်း သူမ မလုပ်ခဲ့ပေ။ ထို့အပြင် ကိုးခန်းမ မှလွဲ၍ သူတို့အဖွဲ့မှ  မည်သူမျှလည်း ပန်းယီယီကိုမနှုတ်ဆက်ခဲ့ကြပေ။

ပတ်ဝန်းကျင်က အတော်လေးကို အနေရခက်နေပြီး သဲလွန်စမရှိသော ဟုန်တုန်ယွမ်သည်ပင် သတိထားမိသည်။ သူက အားကျင့် ကို တိတ်တဆိတ် ဘေးသို့ဆွဲ၍မေးလာသည်။

"သူတို့က ဘယ်သူတွေလဲ?"

အာရုံပြန့်လွင့်နေတဲ့ ဟဲကျင့် က အဖြေမပေးခဲ့ပေ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ပန်းယီယီက သူ့အနားမှဖြတ်သွားကာ မီးကိုမကျေမနပ်အကြည့် ဖြင့်မကြည့်ခင် သူ့ကိုလည်း အကြည့်စူးစူး ပေးသွားသောကြောင့်ပင်

ခက်ထန်အေးစက်သောအကြည့်ကို ရရှိခဲ့သော ကြောင့် ဟဲကျင့်သည် ရင်တုန်သွားတော့သည်။ ခဏအကြာတွင် တော့ အူလည်လည် ဖြစ်နေသော ကြိုးကြာရိုင်းက တုံ့ပြန်လာတော့သည်။

"ငါ ဖာ့ခ် အဲ့ဒါ ပန်းယီယီလားဟ?"

လွင့်မျောတိမ်တိုက် : "မင်း တုံ့ပြန်တာက အရမ်းနှေးတာပဲ..."

ကြိုးကြာရိုင်း: "သူမ က ဘာဖြစ်သွားတာလဲ?"

ကြည့်ရတာတော့ ကြိုးကြာရိုင်းလည်းပဲ အတင်းအဖျင်းကို ဂရုမစိုက်ပုံပါပဲ

ကိုးခန်းမ အရှင်မင်းမြတ် : "ငါလည်းမေးချင်နေတာ သူမက ဘာလို့ရေခဲမုန့်နဲ့ အတူတူရှိနေတာလဲ? နှလုံးသားမဲ့ မင်းသူနဲ့ ရန်ဖြစ်ထားတာလား?"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now