118:အနိုင်ရသွားတဲ့ဖာရက်လေး

720 162 2
                                    

Unicode
ရေသေ: "အားကျင့်ကချုံခိုတိုက်ခိုက်ချင်နေတာလား?

စောင့်ဆိုင်းဧရိယာရှိ ကစားသမားများသည်လည်း ဂိမ်းကိုမြင်နိုင်လေသည်။ပြီးတော့ လူအများကြီးက ဟိုလိုဂရပ်ဖစ်ကွင်းအတွင်းကအခြေအနေကိုဆွေးနွေးနေလျက်

မီးက သူ့လက်နှစ်ဖက်ကိုပိုက်ထားကာဖြင့်

"အင်း အဲ့အကြံမဆိုးဘူး"

အမှန်တော့ အားကျင့်ရဲ့ လက်ရှိအင်အားအရ ခွေးနတ်ဆိုးကိုနိုင်နိုင်ချေကသိပ်မမြင့်ချေ။ဒါပေမယ့်လည်းချုံခိုတိုက်ခိုက်တာက ခွေးနတ်ဆိုးရဲ့ စည်းချက်ကျနေတာကိုနှောင့်ယှက်နိုင်တယ်အဲ့ဒါကြောင့် သူနိုင်ဖို့အခွင့်အရေးဖန်တီနိုင်မှာပဲလေ။

ပထမအကြိမ် ချောင်းမြောင်းတိုက်ခိုက်တုန်းကလိုပဲအားကျင့် သည် အလားတူလှည့်ကွက်ကို နှစ်ကြိမ်ပြုလုပ်ခဲ့သည်။ ဒုတိယအကြိမ်တွင်တော့သူရဲ့သွေးက 54% သို့ကျဆင်းသွားခဲ့ပြီးခွေးနတ်ဆိုးရဲ့သွေးကတော့ 60% သို့ကျဆင်းသွားခဲ့သည်။ တတိယအကြိမ်တွင်တော့ အားကျင့်ရဲ့သွေးက 28% ကျဆင်းသွားပြီး ခွေးနတ်ဆိုးက 31% အထိ ကျဆင်းသွားကာအခွင့်အရေးအနည်းငယ်လစ်လပ် နေလေသည်။အားကျင့်ကအမြဲတမ်း တမိနစ်လောက်တိုက်ခိုက်ပြီးတာနဲ့ပျောက်ကွယ်သွားသည့် နည်းကိုသုံးခဲ့တယ်ပြီးတော့သူကပြန်ပြီးမတိုက်ခိုက်ခင် ချက်ချင်းရွေ့လျားတဲ့ စကေးပြန်ရတာကိုစောင့်နေခဲ့တယ်။

ပွဲစပြီး နာရီဝက်ကျော်ကြာပြီးနောက် မှာတော့ခွေးနတ်ဆိုးက သည်းခံနိုင်စွမ်းလုံးဝပျောက်ဆုံးသွားခဲ့တော့လေ၏။

〖ကွင်း〗 "ခွေးနတ်ဆိုး": "သေစမ်း!!! မင်းနောက်တစ်ခါထွက်ပြေးသွားပြန်ပြီ!!!"
〖ကွင်း〗 "ခွေးနတ်ဆိုး: "မင်းကိုပြောပါရစေမင်းဘယ်လောက်ပဲဝေးဝေးပြေးပါစေ မင်းအနိုင်ရမှာမဟုတ်ဘူး!"

〖ကွင်း〗 "ခွေးနတ်ဆိုး:" "မင်းက electronic pet လား? တစ်မိနစ်ပြီးရင် အားပြန်သွင်းဖို့လိုနေတာလား?"

အဲဒါက ပရိသတ်ရဲ့ ခံယူချက်နဲ့ အတူတူပါပဲ။ ပြင်းပြင်းထန်ထန် တိုက်နေချိန်တိုင်းပရိသတ်တွေ အရမ်းစိတ်လှုပ်ရှားလာပြီဆို အားကျင့်ထွက်ပြေးသွားပြီတဲ့ အဲ့ဒါက မင်းရဲ့ဘောင်းဘီကိုချွတ်ပြီး တခြားသူတွေကို မင်းရဲ့ရွှေပန်းကိုလိုက်ပြနေသလိုပဲလေ

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ