040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း

888 155 3
                                    

Unicode

ပန်းယီယီ သည် သူမ၏ "ဆိုင်းငံ့" ကာလအတွင်း သူမ၏အသိစိတ်သည် လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိသွားသည့်အချက်ကို အခွင့်ကောင်းယူဖို့ကြံလေသည်။သူမသည် ကံကောင်းသည်ဟု ထင်ကာဉီးထုပ်ရဲ့အကာ ကို စက္ကန့်အနည်းငယ်မျှ ချွတ်ကာ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။ အိမ်သာပေါ်ထိုင်ပြီးတာနဲ့ အကာကို အမြန်ပြန်တပ်လိုက်သည်။ ရလဒ်? စနစ်အမှာစာဖြင့် "သင်ပြန်လည်ဝင်ရောက်ပြီးပါပြီ!" ဟု စနစ်၏အသံနှင့် သူသည် ဂိမ်းထဲသို့ စစဆင်းသည့် စာမျက်နှာကိုရောက်နေတာတွေ့လိုက်ရတော့သည်။

ထိုအချိန်တွင် ပန်းယီယီ သည် ဆီးသွားပြီးနောက် သက်သာရာရစေမည့်အစား သူမနှလုံးသားမှာ စိတ်ဓာတ်ကျခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ ၎င်းသည် စက္ကန့်အနည်းငယ်မျှသာ ရှိသော်လည်း ဤထောင်ချောက်ဂိမ်းသည် သူမကို အသိအမှတ်မပြုသောကြောင့် အွန်လိုင်းပြန်တက်လာသည်နှင့် သူမသည် Dungeon အပြင်ကို ရောက်နေသည်ကိုတွေ့ရှိခဲ့သည်။

နောက်တစ်စက္ကန့်တွင် World ချန်နယ်တွင် ဟုန်မင် ကို အောင်မြင်စွာ အနိုင်ယူခဲ့သော မီး နှင့် အခြားသူများကို ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

ဟိုလိုဂရပ်ဖစ်မုဒ်တွင် "စာသားချန်နယ်" အနေအထားသည် ကစားသမားများ၏မြင်ကွင်း၏ဘယ်ဘက်အောက်ထောင့်ရှိ ကန့်လန့်ကာတွင် အလင်းတန်းတစ်ခုဖြင့်ပြထားသည့် အသင်းဖော်အချက်အလက်များနှင့် ဆင်တူသည်။ ပန်းယီယီသည် ဤကြေငြာချက်ကိုမြင်သောအခါ အဖြူရောင်ဖောင့်သည် အထူးကို တလက်လက်တောက်ပနေတော့သည်။

〖World〗- ဟုန်မင် ကို အောင်နိုင်ခဲ့သည့် မီး, အားကျင့်,ရေသေ,လွင့်မျောတိမ်တိုက်နှင့်ကြိုးကြာရိုင်းတို့ကို  ဂုဏ်ပြုပါသည်။ တာဝန်ပြီးတဲ့အပြင် ဟိုလိုဂရပ်ဖစ် မုဒ်မှာ ယန် တောင် အကျဉ်းထောင်ရဲ့ ပထမဆုံး သတ်ဖြတ်ခြင်း ကိုလဲရရှိခဲ့ပါတယ်!

ယင်းသာမကဘဲ နှစ်စက္ကန့်အကြာတွင် ၎င်းတို့၏အမြင်အာရုံအပေါ်၌ နောက်ထပ်မက်ဆေ့ချ်တစ်ခု ပေါ်လာခဲ့သည်။အဲ့ဒါကတော့  "ဝန်ဆောင်မှုအပြည့်ရှိသော သတင်းလွှာ" သည် ယခုအခါ စတင်အသက်ဝင်ပါပြီ။" ဟု၍ပင်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Hikayelerin yaşadığı yer. Şimdi keşfedin