037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ

965 165 3
                                    

Unicode

"အားကျင့်" ရဲ့ ငယ်ရွယ်နုပျိုတဲ့ အသွင်အပြင်ကို မြင်ရပြီး ဤရှစ်နှစ်တာကာလအတွင်း သူကြားလိုသောအသံကိုကြားရခြင်းသည်...

ချင်ယွီ တွင် အချိန်တော်ကြာအောင် ပျောက်ဆုံးသွားသော ပျော်ရွှင်မူ ကို ပြန်လည် နိုးကြားစေသည်။ သူ့၏နှလုံးသားသည် အချစ်ဦး၏ ရွှင်လန်းမှုဖြင့် ပြည့်နှက်နေတော့သည် ။

ထိုအချိန်တွင် ချင်ယွီသည် အားကျင့် က ဘယ်တုန်း ကမှ ထွက်ခွာသွားခြင်းမရှိသလို ရုတ်တရက် ခံစားရပြီး ဂိမ်းလောကတွင် သူ၏အချိန်သည် လွန်ခဲ့သော ရှစ်နှစ်က ရပ်တန့်သွားခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် ကာကွယ်ဖို့ မီး ရဲ့ လုံလောက်တဲ့ ခွန်အားတိုးလာဖို့ကို သူစောင့်နေခဲ့ကာ ပြီးနောက်မှာတော့ သူ့အချိန်တွေက တစ်ဖန်ပြန်လည်ပတ်လာသလိုပါပဲ။

သတိပေးခြင်းမရှိဘဲ အားကျင့် သည် သူမြင်ချင်သည့်ပုံစံဖြင့် ရုတ်တရက် ပေါ်လာသောကြောင့် သူအကူအညီမဲ့စွာပဲ သူ့ကို ပွေ့ဖက်နမ်းရှုံ့ မိခဲ့သည်။...

ဦးခေါင်းကို ကိုင်ထားရင်း မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်နေသော အားကျင့် ကို ကြည့်လိုက်ပြီးနောက် ချင်ယွီသည် သူပါလိုက်ထိုင်ချခဲ့သည်။ သူသည် ကလေးနှင့်တူနေသော လူငယ်လေးကို ကျီစယ်ချင်တာကြောင့် "ဟေး ရှက်လို့ပြီးပြီလား?" ဟု တိုးတိုးလေး မေးသည်။

အားကျင့် က သူ့လည်ပင်းကို ကျုံလိုက်ပြီး ခေါင်းကို သူ့လက်ထဲမှာ ပိုနက်အောင် ဖွက်လိုက်တယ်။

ချင်ယွီ က သူ့ကို နှစ်သိမ့်ပေးလာသည်။

"မင်းငါ့ရှေ့မှာ မင်းပြောချင်တာပြောလို့ရပါတယ် မရှက်ပါနဲ့ မင်းပြောသင့်တာတွေလည်းတစ်ခါမှလည်း မပြောဖူးပဲနဲ့ "

အားကျင့်: "..."

ချင်ယွီ : "မင်းငါ့ကို ယောက်ျားလို့တောင်ခေါ်သေးတာကို ဘာလို့ရှက်နေသေးတာလဲ?"

အားကျင့် : "..."

ချင်ယွီ : " အိုး ဟုတ်သားပဲ ဟိုလိုဂရပ်ဖစ်မှာတော့ မင်းငါ့ကို ယောကျ်ားလို့မှ မခေါ်ရသေးပဲ ဟုတ်တယ်နော့?

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now