054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်

859 166 2
                                    

Unicode

ဖင်းယွီဟောင် က သူ့ဆီ ပို့လိုက်တဲ့  ပို့စ်ကို ဖတ်ပြီး ပြောလာလေသည်။

"ဟ သောက်ကျိုးနည်း ဒီအမျိုးသမီး အုပ်စုက တကယ်ကို ဖင်ဝင်နာနေကြတာပဲ! ငါပြောချင်တာက မကြာခင်ကမှ မင်းရဲ့ ဖန်မီတာက သိသိသာသာ ကျကုန်တာကဘာလို့လဲမှတ်နေတာ ပြဿနာက ဒီမှာဘဲ!"

ချင်ယွီ၏ ဖန်မီတာ ကျရသည်မှာ ရုတ်တရက် ဇနီးတစ်ယောက်ပေါ်လာသောကြောင့် အမျိုးသမီးပရိသတ်များစွာကို ကြေကွဲစေခဲ့လို့ဟု သူထင်ခဲ့ဖူး
သည်။ ဒါမှမဟုတ် မကြာသေးခင်ကမှ ပရိသတ်ကို နှစ်ခါလောက် ပစ်ထားလို့ ပရိသတ်ကို ဒေါသ
ထွက်စေလို့ဟု၍ပင်။ ဒါပေမယ့် တစ်ခုခုတော့
မမှန်ဘူးလို့လည်း သူထင်ခဲ့၏။ ကျဆင်းတာကတော့ မကြာသေးမီကသာ ဖြစ်ခဲ့တာ အကယ်၍ ဒီ အကြောင်းကိစ္စများကြောင့် သာဆိုရင် အချိန်ဇယား ကွာဟချက်က အရမ်းကြီးတယ်ဟ!

ချင်ယွီ: "ဖန်မီတာကျသွားတယ်?"

ဖင်းယွီဟောင်: "ဟုတ်တယ် မင်းရဲ့ ဖန်မီတာကို အာရုံမစိုက်ဘူးလား? Fly Tour ကွန်ရက်ရဲ့ ပင်မစာမျက်နှာကမင်းရဲ့ ဖန်မီတာကလေးသောင်းကနေငါးသောင်းထိကျသွားတယ်လေ

ချင်ယွီ: "အိုး"

အိုး? ဖန်လေးသောင်းငါးသောင်းလောက် ကျသွားကို သူက "အိုး" ပဲပြောတယ်ပေါ့!? ဖင်းယွီဟောင် သည် ချင်ယွီ ၏တုံ့ပြန်ပုံကို ဒေါသထွက်ခဲ့သည်။

ပရိုဂျက်တာမှာ သူ့ရဲ့ ဆူပုတ်နေတဲ့ မျက်နှာကို တွေ့လိုက်တော့ ချင်ယွီ က ရယ်မောပြီး

"ဒီပရိသတ်တွေက ငါ့ကို 'ယောကျ်ား' လို့ ခေါ်တဲ့သူတွေဆိုရင်  သူတို့ရဲ့ အရေအတွက် နည်းနည်း ကျသွားတာက ကောင်းပါတယ်။"

ဖင်းယွီဟောင် သက်ပြင်းချလိုက်သည်။ တကယ်တော့ Fly Tour Network က ချင်ယွီ ကို တိုက်ရိုက်ထုတ်လွှင့်ဖို့ တောင်းဆိုရတဲ့ အကြောင်းရင်းက သူဆွဲဆောင်နိုင်တဲ့ အမျိုးသမီးဘယ်နှစ်ယောက်အပေါ် အခြေခံတာမဟုတ်ဘဲ သူ့ရဲ့ခွန်အား
ကြောင့် ပင်။

နောက်ပိုင်းတွင် ရွှေတွင်းတစ်ခုဖြစ်လာတာကတော့ Fly Tour Network အတွက် မမျှော်လင့်ထားသော ပျော်ရွှင်မှုတစ်ခုဖြစ်သော်လည်း ဖင်းယွီ
ဟောင် အတွက် ချင်ယွီ ၏ လေးစားဖွယ်အကောင်းဆုံးအရာမှာ သူ၏ကိုယ်ရည်ကိုယ်သွေးဖြစ်သည်။ ဘယ်လိုပဲ ကျော်ကြားလာပါစေ ထောင်လွှား မသွားပဲသူ့အရှိန်အဟုန်ကို သူထိန်းထားဆဲပင်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now