120:အပြင်းအထန်

833 156 4
                                    

Unicode

ဒီလိုကံကောင်းလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားမိဘူး။ အသင်းလိုက်ပြိုင်ပွဲစစချင်းမှာပဲ ရန်သူ့ရဲ့ မိန်းမနဲ့ သားကရှေ့မှာပေါ်လာတယ်တဲ့လေ!

shadow စကေး က သုံးစက္ကန့်လောက် ရွတ်ဖတ်ရသည့်စကေးပင်။ ဟဲကျင့်ပါးစပ်ကိုဖွင့်လိုက်တာနဲ့ ပြိုင်ဘက်က သူ့လှည့်ကွက်ကို ချက်ချင်းနားလည်သွားခဲ့သည်။ အကွက်တစ်ခုထဲဖြင့်ကိုပင်ဟာဂင်ဒတ်စ်ကသူ့ရဲ့လုပ်ဆောင်ချက်ကို နှောင့်ယှက်လိုက်သည်။အသတ်ခံဖို့အဆင်သင့်ရောက်လာတာကိုသူတို့ကဘာလို့လက်လွှတ်ရမှာတဲ့လဲ?

အထူးသဖြင့်တော့ ခွေးနတ်ဆိုးပဲ မိနစ်လေးဆယ် လောက်ကြာတဲ့ PK မှာရှုံးသွားရတာက သူ့ကိုသေလောက်အောင် နှိပ်စက်နေတာပဲ။သူဒါကိုလက်စားချေမှကိုရမယ် အဲ့လိုမှမဟုတ်ရင်သူက ဝံပုလွေကိုမဟုတ်တော့ဘူး!

မုန်တိုင်းသဖွယ် ပြင်းထန်သော တိုက်ခိုက်မှုသည် သူတို့ရှေ့သို့ ရောက်လာပြီး ဖက်ထုပ်လေးရဲ့ မျက်ဆံအိမ်သည်  ချက်ချင်းပင် ဒေါင်လိုက်ပါးပါးလေး ဖြစ်သွားသည်။ သူက လည်ချောင်းထဲက ထူးဆန်းတဲ့ "ဂူးဂါး" အသံကို ထုတ်လိုက်ပြီး ခွေးနတ် ဆိုး ကို ခြိမ်းခြောက်လိုက်တော့သည်။ ပြီးနောက်မှာတော့သူက အတောင်တွေကိုခပ်ပြီးတော့ တိုက်ရိုက် ဘဲတိုက်ခိုက်လိုက်တော့တယ်!

ခွေးနတ်ဆိုး: "အာ ဟာ ဒီစနစ် ကလေးက တိုက်ခိုက်တာ အတော်လေး အားကောင်းတယ်ဟ!"

ဖက်ထုပ်လေးကို ကောင်းကင်တိုက်ပွဲမှာတွေ့ခဲ့ကြသေးသော်လည်း အဲ့တုန်းကတော့ သူက ပန်းယီယီရဲ့ ရေခဲလုံးကြောင့် အေးခဲသွားပြီး ပြုတ်ကျသွားသည့် အားကျင့်နောက်ကို လိုက်ကျသွားသောကြောင့် ဒီ devil babyနှင့် ရန်ပွဲက အခုတစ်ကြိမ်ကထမဆုံးပဲ!

ဟာဂင်ဒတ်စ်: "မင်း နှလုံးသားမဲ့ မိန်းမနဲ့တိုက်လိုက် ငါ ဒီချီးထုတ်လေးကို တာဝန်ယူလိုက်မယ်!"

ခွေးနတ်ဆိုး:"ကိစ္စမရှိ"

ဖက်ထုပ်လေးသည် မူလက ပျံသန်းနိုင်သည့် pet နှင့်ဆင်တူလေသည်။ခွေးနတ်ဆိုးက သူနဲ့ရင်ဆိုင်ရရင်အဆင်ပြေမည်မဟုတ်ချေ။ဒါပေမယ့်သူတို့နှစ်ယောက်အတူလုပ်ရင်တော့ သူတို့တွေ အားကျင့်နဲ့ ဖက်ထုပ်လေးကို ဂူထဲမှာအောင်အောင်မြင်မြင်ပိတ် ထားနိုင်မှာပဲလေ!

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now