073: စွမ်းရည်ဆိုင်ရာစာအုပ်

852 175 6
                                    

Unicode

သူတို့ စကားစမြည်ပြောနေတုန်းမှာပဲ တစ်စုံတစ် ယောက်က တံခါးကိုခေါက်လာပြန်ပြီးတော့ သူကအခန်းထဲကိုတိုက်ရိုက်ဝင်လာလေသည်။

"အိုး လူစုံနေပါလား!"

သူကတော့ရှန်ပိုင်ကျန်းပင်။ချင်ယွီက ကျန်းရှောင် ကိုရိုက်နေတာမြင်တော့ ရယ်ပြီး ပြောလာတော့
သည်။

"ကြည့်ရတာတော့ မင်းရဲ့ ဒဏ်ရာက ကြီးကြီးမားမားတော့ မဟုတ်ဘူးထင်တယ်နော့"

ကျန်းရှောင်က ချင်ယွီကို ကန်ထုတ်လိုက်လေတယ်
ချင်ယွီကတော့ ခေါင်းဆောင်ရှန်ဆီကသူ့ရတ်ကတ် ကိုယူပြီး ကျေးဇူးတင်စကားပြောလိုက်တယ်။

ရှန်ပိုင်ကျန်းကာ ကျန်းရှောင်ကိုပြုံး၍ပြောလိုက်
သည်

"ဒီနေ့ပွဲက အရမ်းကောင်းတယ်"

ကျန်းရှောင်က ကုတင်ပေါ်မှ ဆင်းကာ မတ်တပ်ရပ် လိုက်ပြီး

"ဘာပဲဖြစ်ဖြစ် ငါတို့ ရှုံးသွားတာ ရှက်စရာပါပဲ"

ရှန်ပိုင်ကျန်း: "ဒီည ကလပ်က အတူတူ ညစာစားဖို့လုပ်ထားတယ် မင်းပုံစံကြည့်ရတာအဆင်ပြေပုံပဲ"သူက ချင်ယွီကို မေးဆတ်ပြလိုက်ကာ

"အတူတူသွားရအောင်?"

ချင်ယွီက ကျန်းရှောင် တွန်းလိုက်ပြီး

"ငါ မသွားဘူး မင်း သူ့ကို ဘာလို့ မခေါ်သွားရမှာလဲ?"

ကျန်းရှောင်: "ဟေး ဟွားတက္ကသိုလ်ရဲ့ ဂုဏ်ပြုညစာစားပွဲက ငါနဲ့ဘာမှမဆိုင်နေဘူးနော် နောက်ပြီး ငါမင်းရဲ့အဖွဲ့ခေါင်းဆောင်နဲ့ သူငယ်ချင်းလည်း
ဟုတ်မနေဘူး!"

ရှန်ပိုင်ကျန်းက ကျန်းရှောင်ကိုကြည့်ပြီးမျက်ခုံးပင့် ကာဖြင့်

"လွန်ခဲ့တဲ့ နှစ်နှစ်လောက်ထဲက ငါနဲ့ အကြိမ်ပေါင်းများစွာ ပြိုင်ကစားခဲ့တာကို မင်းက အခုထိ မရင်းနှီးသေးဘူးလား?"

ချင်ယွီ: "ဟုတ်တယ် သွားသောက်လိုက်!"

ကျန်းရှောင်: "..."

ချင်ယွီက သူတို့ကိုနှင်လွှတ်တော့သည်။

"ငါ့နေ့လည်စာ အေးကုန်တော့မယ် သွားကြတော့ သွား!"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now