087:အိမ်ကထွက်လာပြီ

827 181 5
                                    

Unicode

သူ့မှာယူလာစရာတွေ အများကြီးမရှိပဲ ကျောင်းကနေပြန်လာတုန်းကယူလာတဲ့ အဝတ်အစားတချို့ပဲရှိလေသည်။အိမ်ကနေယူသွားစရာလဲမရှိချေ။ဟဲကျင့်ကနောက်ဆုံးမှာတော့မတ်တပ်ရပ်ကာ အခန်းပတ်ပတ်လည်လည်ကိုတစ်ချက်ကြည့်လိုက်သည်။သူလုံးဝပြန်မလာတော့ဘူးလို့ ဆုံးဖြတ်ထားလျက် ပေါ့....

သူ့စားပွဲပေါ်က 7-upဗူးကိုတွေ့တော့ချင်ယွီကဘူတာရုံမှာသူ့အတွက်ဝယ်ပေးခဲ့တာကိုသတိရသွားရ၏။သူအခုထိမသောက်ရသေးပေ။သူကအိတ်ကို ကောက်ကိုင်လိုက်ပြီး အိတ်ရဲ့အနောက်ဖက်မှာ ထည့်လိုက်ကာခရီးဆောင်အိတ်ကို ကောက်ယူပြီး တံခါးကို ဆွဲဖွင့်လိုက်တော့သည်။

အပြင်ဘက်မှ အသံများ ရုတ်တရက် ရပ်တန့်သွားကာ သူ့အမေက သူ့ကို နီရဲနေတဲ့မျက်လုံးများနှင့်
စိုက်ကြည့်ကာ

"ဘာလုပ်နေတာလဲ! ဘာလုပ်နေတာလဲ!"

ဟဲကျင့် က သူမကို လျစ်လျူရှုပြီး ခရီးဆောင်အိတ်ကိုယူကာ တံခါးအပြင်သို့ ထွက်သွားလိုက်သည်။ သူ့အမေက သူ့နောက်ကနေ အော်ဟစ်ပြီး

"ဘယ်သွားမလို့လဲ!"

ဟဲကျင့်ရဲ့ဖခင်သည်လည်း အံ့အားသင့်သွားပြီး သူရဲ့လက်ကိုဆွဲကာ

"ဟဲကျင့်!ဘာလုပ်နေတာလဲ? စိတ်အေးအေးထားပါဦး!"

ဟဲကျင့် က သူ့အဖေကို ကြည့်လိုက်လေသည် သူ့
မျက်လုံးတွေကလည်း နီရဲလျက်ပေါ့

"အဖေ ဒီလောက် အကျိုးကြောင်းဆီလျော်မူမရှိတဲ့သူရှေ့မှာ စိတ်အေးအေးထားလို့ပေမယ့် ကျွန်တော် တော့မရဘူး"

အမျိုးသမီးကအော်ဟစ်လာပြန်သည်။

"မင်းက ငါ့ကိုကျိုးကြောင်းဆီလျော်မူမရှိဘူးလို့ပြောတယ်ပေါ့?ငါ့ကိုသေချာပြောစမ်းပါဦး ဘယ်သူကကျိုးကြောင်းဆီလျော်မူမရှိတဲ့လူလဲဆိုတာ! အဲ့ဒါမင်းပဲဟဲကျင့် မင်းသာငါ့ကိုလိမ်နေခဲ့တာ!"

သူမဟာ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက် ၊ ကုလားထိုင်ပေါ်ကကူရှင် ၊ စင်ပေါ်ရှိ ဓာတ်ပုံဘောင် စသည် တို့ကို ဟဲကျင့်ရှိရာဘက်သို့ ပစ်ပေါက်လာတော့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now