109:သူခုန်ချသွားပြီဟ

799 161 4
                                    

Unicode

ရှူကျီးကျာ့လန် ပေါ်လာပြီးနောက် comment box သည်ထပ်ပြီးပလူပျံလာတာကိုတွေ့လိုက်ရသည့်အတွက် ဟုန်တုန်ယွမ် သည် နှလုံးသွေးယိုစီးလာသလိုပင်ခံစားလိုက်ရသည် - အသွင်အပြင်ကိုဦးစားပေးတဲ့ကမ္ဘာကြီးကိုမုန်းလိုက်တာနော်

ပြိုင်ပွဲကိုတရားဝင်စတင်ခဲ့ပြီး ကစားသမားနှစ်ဦးသည်PK ကွင်းထဲသို့ရောက်ရှိလာတော့သည်။ ပွဲကြည့်သူတွေက သူတို့ရှေ့မှာပြိုင်ပွဲကွင်း အတွက် အခန်းလွတ်တစ်ခုပေါ်လာမယ်လို့ထင်ထားခဲ့ကြတာဖြစ်ပြီး မမျှော်လင့်ပဲ လွင့်မျောကျွန်းအသေးစားလေးကိုတွေ့လိုက်ရတော့သည်။

ကစားသမားများကတော့ ပွဲကြည့်သူတွေလို နတ်ဘုရားရဲ့ရှုတောင့် မရှိခဲ့ပါ။ ကွင်းထဲသို့ဝင်ပြီးနောက် တွင်တော့ သူတို့နှစ်ဦးသည် မြက်ခင်းများပြည့်နေသော ဧရိယာငယ်လေးတွင် ရပ်နေသည်ကိုသာ တွေ့လိုက်ရသည်။ မြေမျက်နှာသွင်ပြင်က အတော်လေး ပြန့်ကျဲနေပြီး ကောင်းကင်ကသူတို့အထက်မှာရှိပြီးသူတိူ့ကတော့မြူခိုးတွေနဲ့ ဝိုင်းရံခံထားရသည်။

host က ချက်ချင်း ခွဲခြမ်းစိတ်ဖြာပြီး

"ပထမဂိမ်းမှာတော့ ကျွန်တော်တို့လွင့်မျောကျွန်းတစ်ကျွန်းကိုတွေ့နေရပါတယ်။ ဒါပေမဲ့ ကြောင်ကတိုးနဲ့ ပန်ဒါဝက်ဝံတွေဟာ ပျံသန်းမှုစနစ်ပါရှိတဲ့ spirit pet တွေတော့မဟုတ်ပါဘူး။ဒီလိုမျိုးသေးငယ်တဲ့ ဧရိယာမှာတော့ သူတို့က  အနီးကပ် တိုက်ခိုက်ဖို့ကိုပဲရွေးချယ်နိုင်မှာပါ။ဂရုမစိုက်လို့ မြူခိုးတွေထဲပြုတ်ကျရင် သေခြင်းတရားက တစ်ခုတည်းသော ရလဒ်ပါပဲ"

ဒါက ဆူမိုပြိုင်ပွဲနဲ့ အတူတူပါပဲ။ စည်းထဲက ထွက်သွားမိရင် ပြီးသွားလိမ့်မယ်။ ဒီလိုမြေပုံက ပန်ဒါအတွက် ပိုပြီးအကျိုးများမယ်ထင်ရတယ်!

ယခုအချိန်တွင်ကျစ်ကျစ်၏ မူလပုံစံသည် မြေပြင် ပေါ်တွင် ဝပ်နေပြီး ပြိုင်ဘက်၏ လှုပ်ရှားမှုကို ဂရုတစိုက် စောင့်ကြည့်နေလေသည်...

ရှပ်ပြာနိုင်တဲ့ ပန်ဒါ က လွင့်မျောကျွန်းတစ်ဝိုက်တွင် ဖြည်းညှင်းစွာ ရွေ့လျားလာသောအခါ ကြောင်ကတိုးသည်လည်း လှုပ်ရှားစပြုလာခဲ့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now