116:Final ပွဲစတင်လေပြီ

825 158 6
                                    

Unicode

ဟဲကျင့်ရဲ့ ချင်ယွီဆုပ်ကိုင်ထားတဲ့နေရာက ပြုတ် တူအလား သန်မာနေပြီး နာကျင်လာရသည်။သူထိတ်လန့်သွားပြီးနောက်ဆုတ်လိုက်ချင်ပေမယ့်သူမလုပ်နိုင်ခဲ့ပေ။ချင်ယွီက အတည်ပေါက်ကြီးစိတ်ဆိုးနေပုံရကာ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်မှာသူ့ကိုမေးလာတော့သည်။

"မင်းငါ့ကိုစိတ်ဆိုးနေတာလား? ဒါမှမဟုတ်ဒီတိုင်းငါ့ကိုမုန်းနေတာလား?

ဒီမေးခွန်းကို ရင်ဆိုင်ရချိန်မှာ ဟဲကျင့်ကပါးစပ် ဟကာဖြင့် ဘာမှမပြောနိုင်ခဲ့ပေ။

ထို့နောက် ချင်ယွီကသူ့ကိုပြန်ဖမ်းကိုင်ပြီး စိတ်ပျက် လက်ပျက်ဖြင့်သူ့လက်မောင်းနားထိဆွဲလိုက်ပြီး

"ဒါဆိုမင်းက ငါ့ကိုတစ်သက်လုံးစကားမပြောတော့ဘူးပေါ့ ငါမင်းကိုလိမ်ခဲ့လို့ဆိုပြီးလေ?"

သူကသာဒေါသထွက်နေတယ်ဆိုတာအသိအသာကြီးဆိုပေမယ့်လည်း သူ့ပုံစံကနာကျင်နေပုံပေါက် နေလေသည်။

ဟဲကျင့် ၏ အာရုံသည် ချင်ယွီရဲ့ လှုပ်ရှားမူတွင်လုံးဝရောက်နေပြီး လူတွေက သူတို့ရဲ့ဒီလိုပုံကိုတွေ့သွားမှာကိုစိုးထိတ်နေလေသည်။

"ငါမဟုတ်...."

ချင်ယွီနဲ့နောက်ထပ်စကားမပြောတော့ဘူးလို့သာ သူစဉ်းစားထားပါက ဒီနေ့တွေ့ဖို့ကို သူသဘောတူခဲ့မှာမဟုတ်ပေ။ သေချာတာပေါ့ဟဲကျင့်က သူ့ကိုမမုန်းပါ သူ့ခံစားချက်တွေကို ရင်ဆိုင်ဖို့ ရှက်လွန်းရုံပင်။ ချင်ယွီနဲ့သူ တစ်ယောက်နှင့်တစ်ယောက် ချစ်ကြိုက်နေကြကြောင်း သူသိလိုက်သည့်အချိန်မှစပြီး လူများရှေ့မှာအတူတူပေါ်လာခြင်းမှာ ပထမဆုံးအကြိမ်ပင်။ ပြီးတော့ ချင်ယွီကသူ့ကို  ဒီလို ပရောပရီလုပ်တဲ့ ပုံစံနဲ့တောင် ကြည့်နေပေမယ့် ဟဲကျင့်က ဒါတွေအားလုံးကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ တကယ်မသိနေပါ...

ချင်ယွီ က ဟဲကျင့် ကိုလွှတ်လိုက်ပြီး သူ့လက်တွေကို ဂျင်းဘောင်းဘီအိတ်ကပ်ထဲ ပြန်ထည့်လိုက် တော့သည်။ သူ့မျက်နှာတွင် နွေးထွေးမှုမရှိတဲ့ အပြုံးတစ်ခုရှိနေပြီး သူ့ကိုယ်သူ လှောင်ပြောင်နေသလိုမျိုးပြောလာလေသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now