011: အတင်းအဖျင်း ပို့စ်

1.1K 197 4
                                    

Unicode

မနေ့ညက ကောင်းကောင်းအိပ်မပျော်ရင်တောင် မနက်ခင်းမှာတော့ ဟဲကျင့် က အချိန်မှန် နိုးနေသေးသည်။ဟဲကျင့် သည် အိပ်ယာမှ မှုန်ကုပ်ကုပ်ထကာ အတန်းမတက်မီ သူ့မျက်နှာကို သစ်ရန် သွားခဲ့သည်။

မနေ့ညက သူ့အကြောင်းတွေ အရမ်းတွေးနေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အခုအချိန်မှာ ဟဲကျင့် ရဲ့ ဦးနှောက်ဟာ မီး နဲ့ပတ်သက်တဲ့ အရာတွေနဲ့ ပြည့်နှက်နေဆဲပင်။

အထူးသဖြင့် သူ့ရဲ့နောက်ဆုံးစာကြောင်း ဖြစ်တဲ့ "အားကျင့် ငါ ၈ နှစ်လုံးလုံး မင်း အွန်လိုင်းဖြစ်မှာကို အမြဲစောင့်နေခဲ့တာပါ။"ဟူသည့် စာသားမက်ဆေ့ချ် အကြောင်းပင်။

စာသားမက်ဆေ့ချ်တစ်ခုသာဖြစ်သော်လည်း ဟဲကျင့် သည် မီး က သူ့ကိုပြောနေခြင်းဖြစ်ကြောင်းကို တစ်နည်းနည်းနှင့် စိတ်ကူးကြည့်နိုင်သည်။ သူ့အသံ၏စည်းချက်နှင့် လေသံ.. ထပ်ခါထပ်ခါ သူ့စိတ်ထဲမှာ မှော်ဆန်စွာပဲ့တင်ထပ်နေခဲ့သည်။

ဟဲကျင့် က တုန်လှုပ်ခြောက်ခြားစွာဖြင့် ခေါင်းကို ခါယမ်းကာ သင်ခန်းစာကိုပဲ အာရုံစိုက်လိုက်တော့သည်။

သို့သော် မိနစ်အနည်းငယ်အကြာတွင်...

သူ၏ စမတ်လက်ပတ်သည် စားပွဲပေါ်တွင် စတုရန်းအလင်းရောင် ကန့်လန့်ကာကို ပြသလာကာဟဲကျင့် သည် ရှာဖွေမှု ဘားတွင် နှလုံးသားမဲ့ မီး ဟူသော စကားလုံးလေးလုံးကို စဉ်းစားစရာမလိုအောင်ပင် ရိုက်ထည့်လိုက်သည်။ (=_=)

[T/N သူမနေနိုင် မထိုင်နိုင်ဖြစ်]

ရှာဖွေမှုသည် ကြီးမားသောရလဒ်ကိုပြသခဲ့ပြီး ဟဲကျင့် ကို အံ့အားသင့်စေခဲ့သည်။ ပထမဆုံးရလဒ်မှာ အင်တာနက်အသုံးပြုသူရေးသားခဲ့သော နှလုံးသားမဲ့ မီး ၏ဇာတ်ကောင်စွယ်စုံကျမ်းဖြစ်သည်

နှလုံးသားမဲ့ မီး

ခြုံငုံသုံးသပ်ချက်- "Demon God" ဂိမ်းကစားသူ ကျွမ်းကျင်သူအဆင့်သတ်မှတ်ချက်စာရင်းတွင် နံပါတ် 1 ဖြစ်ပြီး Fly Tour Network ၏ ဂိမ်းတင်ဆက်သူတစ်ဦးဖြစ်သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Onde as histórias ganham vida. Descobre agora