154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ

813 149 4
                                    

Unicode

ဟဲကျင့် မိဘများ ၏ သဘောထားသည် လျင်မြန် စွာပြောင်းလဲသွားခဲ့ပြီး ၎င်းသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။ လွန်ခဲ့တဲ့ သုံးနှစ်ကသာ ဒီလိုဖြစ်ခဲ့ရင် ဟဲကျင့်ရဲ့ အမေက သူမကိုယ်သူမသတ်သေမယ်လို့ ခြိမ်းခြောက်မှာ သေချာပါ၏။ သူ၏ စိတ်နေသဘောထားနှင့် ကြိုးစားအားထုတ်မှုများ အပြောင်းအလဲအတွက် ဘုရားသခင် ထံမှ ဆုလာဘ်တစ်ခုလား ဒါမှမဟုတ်ဤသုံးနှစ်အတွင်း သူလုပ်ဆောင်ခဲ့သည့်အရာသည် နောက် ဆုံးတော့ပြေလည်သွားခဲ့တာလားလို့ သူတွေးနေမိလေသည်။ ကောင်းကင်က တိမ်တွေ ကင်းစင်သွားသလိုပဲ သူရုတ်တရက် ပေါ့ပါးပြီး သက်သာရာရသွားတော့သည်

​နောက်​ရက်​အနည်းငယ်​ကြာ​သည့်အထိ ဟဲကျင့်အမေက ချင်ယွီရဲ့နောက်ခံကိုမေးနေဆဲပင်​။ အသက် 26 နှစ်အရွယ်တွင် သူကိုယ်တိုင် ကုမ္ပဏီအနည်းငယ်ဖွင့်ထားနိုင် ပြီး စက်ရုပ်များကိုပင် စတင်ထုတ်လုပ်နေပြီဟု ကြားသိရသဖြင့်အံ့အားသင့်နေတော့သည်။ တူညီသောအောင်မြင်မှုများကိုတောင် လူများစွာမရရှိနိုင်ကြောင်း ထင်ရှားပါသည်။

"သူကိုယ်တိုင်ပဲတကယ်ကြိုးစားခဲ့တာ"

ဟဲကျင့်ကဆက်ပြောခဲ့လေသည်။

"သူ့အမေက သူငယ်ငယ်လေးထဲကဆုံးပါးသွားတာပြီးတော့ သူ့အဖေက သူ့ကိုယ်ပိုင်စီးပွါးရေးရှိတယ် သူ့အသက် 18 လောက်ထဲက အိမ်ကငွေတပြားတကျပ်မှမသုံးပဲ သူကိုယ်ပိုင်ငွေသူရှာသုံးခဲ့တာ"

သူ့အမေက ဘယ်လောက်တောင် သိချင်နေလဲဆိုရင် ဟဲကျင့်မှာအကုန်ပြောပြရုံသာတတ်နိုင်ခဲ့သည်။ချင်ယွီက ဖျော်ဖြေရေးအသိုင်းအဝန်းတွင် အလုပ် လုပ်သည်ဟူသောအချက်ကို ဖုံးကွယ်၍မရကြောင်း သူသိသည်။ သူ့မိဘတွေက အသက်ကြီးပေမယ့် တီဗီကြည့်နေတုန်းပဲလေ တနေ့တနေ့ကျရင် ချင်ယွီကိုမတွေ့သွားဘူးဆိုတာမပြောနိုင်ဘူး။ သူမကို အခု အမှန်အတိုင်းပြောလိုက်တာပိုကောင်းပါ၏။ သို့သော် အမှန်အတိုင်းပြောဖို့ကလဲစကေးကလိုသေးတယ် သူသူ့အမေကိုဖျော်ဖြေရေးအသိုင်းအဝိုင်းမှာအလုပ်လုပ်တယ်လို့ပြောလိုက်သော်လည်းအနုပညာရှင်လို့တော့မပြောလိုက်ပေ။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now