108:နဂါးအသင်း

879 151 1
                                    

Unicode

ဟဲကျင့် သည် မူလက ဟာဂန်ဒတ်စ် နှင့် ပန်းယီယီတို့နှင့်ရန်စမရှိခဲ့ချေ။သူမသည် တစ်ချိန်က မီးရဲ့ တပည့်ဖြစ်ခဲ့တာကိုမပြောနဲ့ဉီး ဟိုတစ်ခါက လေထဲမှာအကြောင်းမရှိသူက ပစ်မှတ်ဖြစ်ခဲ့ရပြီး အတိုက် ခိုက်ခံခဲ့ရထဲက သူ့ကို စိတ်ထဲသိပ်မကြည်ခဲ့တော့ပေ။ နောက်ပိုင်းတွင် မီး သည် အားကျင့် ကို ချစ်ကြောင်း ရုတ်တရက် ပြောပြခဲ့ပြီး အားကျင့် သည် တိုက်ခိုက်ခံရမူကို လုံးဝမေ့သွားခဲ့တော့ သည်။ နောက်ဘာတွေဆက်ဖြစ်ခဲ့လဲဆိုတာကို သူမသိတော့ပေမယ့် အဲဒီအချိန်ကစလို့ အဲဒီလူတွေမှာ အမြင်ဆိုးတွေသာရှိတော့တာပါပဲ

ထို့ကြောင့် ဟာဂန်ဒတ်စ်ရဲ့ အသင်းကို ရယ်စရာကောင်းသော နာမည်ဖြင့် နာမည်ပေးထားသည့် လူများကို မြင်သောအခါ ဟဲကျင့်သည်လည်းမရယ် ပဲမနေနိုင်ခဲ့ပေ။ သူက ပို့စ် ရဲ့ မှတ်ချက်များတွင် သူ့ကို မီးရဲ့ကျောထောက်နောက်ခံဖြင့် ရပ်တည်နေ
တယ်လို့လှောင်ပြောင်သလျော်ခံရပြီးနောက် အခုမှပဲသူနေလို့ပိုကောင်းလာခဲ့၏။

ဟဲကျင့် သည် ပို့စ် ကို ဆက်လက်ဖတ်ရှုခဲ့ပြီး စာမျက်နှာ အနည်းငယ်ကို ဖတ်ရှုပြီးနောက်တွင် သူတို့၏ ပထမဆုံးပြိုင်ဘက်မှာ နဂါးအသင်းဖြစ်ကြောင်း နောက်ဆုံးတွင် တွေ့ရှိခဲ့သည်။ အသင်းသည် တတိယမြောက် ခရိုင်မှဖြစ်ပြီး သူတို့၏ခေါင်းဆောင် "နဂါးစစ်သည်" သည် level 95 Demon ကစားသမားဖြစ်ကြောင်း ရှင်းပြခဲ့သည်။ အဖွဲ့၀င်များသည် ပျမ်းမျှအဆင့် 90 နှင့်အထက်ရှိလေသည်။ သူတို့၏ စွမ်းအားသည် "တစ္ဆေနဲ့စစ်သည်များ" အသင်းထက် အနည်းငယ်သာနိမ့်လေသည်။

တကယ်ကို အစွမ်းထက်ပုံရတယ်...

ဟဲကျင့်သည် သူ့အသင်းဖော်များအကြောင်းကို ပို၍ လေးလေးနက်နက် လေ့လာသွားပြီးနောက်တွင် နားကြပ်ပေါ်မှ ကိုးခန်းမအရှင်မင်းမြတ်၏ သက်ပြင်းချသံကို ကြားလိုက်ရပြီး

"အိုး အဲ့ဒါသူတို့ပဲ!"

ကျောက်မင်ကြွယ်:"တစ္ဆေနဲ့စစ်သည်များအသင်းတောင်မှ ငါတို့ကိုမရိုက်နိုင်တာ နဂါးအသင်းသာဆိုလို့ကတော့ မနက်ဖန်ပွဲကအေးဆေးပဲ"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now