078:အဖွဲ့နာမည်

883 173 5
                                    

Unicode

မီးသည် အဖွဲ့ရဲ့အမည်ကို အမှန်တကယ် မစဉ်းစားခဲ့ပေ အဖွဲ့အားသူရဲ့ အမည်အောက်တွင် ဖွဲ့စည်းထားသော်လည်း ရေသေရဲ့ အားထုတ်မှုလည်းပါလေသည်။နာမည်နဲ့ ပတ်သက်ပြီးတော့ အသင်းသားတိုင်းရဲ့ သဘောတူညီချက်ကို ရယူရမှာပင်။

မီးကမေးလာသည်။

"မင်းတို့စဉ်းစားမိတာရောရှိကြလား?"

ကိုးခန်းမအရှင်မင်းမြတ်:"ငါတို့ နာမည်ကို တွေးဖို့လိုသေးတာလား?ငါက အဲ့ဒါကို နှလုံးသားမဲ့ အဖွဲ့လို့ခေါ်မယ်ထင်နေတာ"

လွင့်မျောတိမ်တိုက်မှ ခွဲခြမ်းစိတ်ဖြာပြီး

"ဟုတ်တယ် နှလုံးသားမဲ့က နတ်ဘုရားတွေကြားမှာ နာမည်ကောင်းရှိတယ်၊ ငါတို့ကို 'နှလုံးသားမဲ့ အဖွဲ့' လို့ခေါ်ရင်ငယ်ရွယ်တဲ့ မိန်းကလေးတွေ အများကြီးကို ဆွဲဆောင်နိုင်မှာအသေအချာပဲ"

မီးက ခေါင်းယမ်းကာ ငြင်းလာလေသည်။

"နှလုံးသားမဲ့ကအရင်တုန်းက ပြီးတော့ငါတို့က အဖွဲ့လိုက်လှုပ်ရှားရမှာလေ အစပိုင်းတော့ အဆင်ပြေပေမယ့်ကြာလာရင် ပြဿနာဖြစ်လိမ့်မယ် ငါ့တစ်ယောက်ထဲအတွက် တိုက်ခိုက်နေတယ်လို့ထင်လာလိမ့်မယ် အဲ့ဒါကြောင့် ငါတော့မသုံးသင့်ဘူးလို့ထင် တယ်"

သူတို့က မီးပြောချင်တာကိုခံစားမိလေသည်။ မီး သည် ပုံမှန်အားဖြင့် အနည်း ငယ် မာနကြီးပုံပေါက် သောကြောင့် သူအဲ့လိုပြောလိုက်သည်နှင့် လူများက သူ့ကို ကွဲပြားစွာ မြင်လာကြလေသည်။ ဒါကြောင့် လူတွေက သူ့နောက်ကို လိုက်နေကြတုန်းပါပင်။ ဘယ်လို လှုပ်ရှားမှုတွေပဲဖြစ်ဖြစ် လူတွေက သူ့ကိုလိုလိုလားလားနဲ့ ပူးပေါင်းဖို့ သဘောတူကြတယ်။

သူပြောခဲ့တဲ့စကားကြောင့် လူတွေက အဖွဲ့နာမည်အကြောင်း ဆွေးနွေးဖို့ ပိုပြီးလွတ်လပ်သွားတော့တယ်ပထမအနေနဲ့ သူတို့က ကောင်းကင်နဲ့မြေကြီးအဖွဲ့ ပြီးတော့ နူးညံ့တဲ့ရေအဖွဲ့ ရှုကျီးကျာ့လန်ဆို "Niublility"ဆိုတဲ့ အင်္ဂလိပ်နာမည်ကိုတောင်စဉ်းစားခဲ့သေးတယ်...

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now