158:အချပ်ပို ၃

594 120 2
                                    

Unicode

နှစ်ခုရဲ့ခွန်အားသည် ပေါင်းစပ်သွားပြီးနောက်50% တိုးလာသည်။ ဆိုလိုသည်မှာ နှလုံးသားမဲ့မီးသည် တိုက်ခိုက်မူတစ်ခုပြုလုပ်လိုက်ပါက သူ့ရဲ့ထိခိုက်ပျက်စီးနိုင်စွမ်းကအရင်ထက်သုံးဆဖြစ်သွားပြီပင် ထို့အပြင်ထွက်လာတဲ့ ရလဒ်က ကြီးမားနေမှာပင်

ရွှေလေနှင့် ကျောက်စိမ်းနှင်းစက် ပေါင်းစပ်မှု၏ အကျိုးသက်ရောက်မှုကိုဟဲကျင့်က သိသော်လည်း သူသာ ဦးဆောင်မည်ဆိုပါက အောင်မြင်မှုရလဒ်ကို အာမခံ နိုင်မည်မဟုတ်ကြောင်း သူသိသည်။ အဲ့ဒါကြောင့်အခုချိန်ထိချင်ယွီပဲဆက်ပြီးဉီးဆောင်နေတာပေါ့

ထို့အပြင် မီး နှင့် အားကျင့် ပေါင်းစည်းထားပြီးဖြစ်ကြောင်း သူတို့ရဲ့ပြိုင်ဘက်က မသိခဲ့ပေ။ နှလုံးသားမဲ့မီး ၏ စွမ်းအားသည် ရုတ်တရက် တိုးလာ သည်ဟုသာ ခံစားလိုက်ရသည် ။ မယုံနိုင်စရာတွေ တွေ့ရတဲ့အပြင် သူတို့လည်း ထိတ်လန့်သွားကြတော့၏။ အမှားတွေလုပ်မိပြီး မကြာခင်မှာဘဲ ရှုံးနိမ့်ခဲ့ပါတော့သည်။

သူတို့၏ အမူအရာနှင့် စွမ်းဆောင်ချက်များကို ကြည့်ရင်း ဟဲကျင့် သည် တိုက်ပွဲတွင် ချင်ယွီရဲ့ မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ကို ခံစားနိုင်သည် သူသည်စွမ်းအားအရှိဆုံးနဲ့ဖျက်ဆီးနိုင်စွမ်းကိုမရှိတာနော်!

ထိုအချိန်တွင် ရွှေအလျဉ် သည် သူဆက်လက်တိုက်ခိုက်နေပါက သူ့ကိုရုပ်ဆိုးစေမည်ကိုသိသည်။ သူက အပစ်အခတ်ရပ်စဲရေး အမူအရာနဲ့ချင်ယွီ ကိုပြောလာတော့သည်။

"မာစတာ ငါ မင်းကို လေးစားပါတယ်။ နောက်တစ်ခါ ထပ်တိုက်ကြရအောင်။"

ထို့နောက် သူသည် အစိမ်းရောင်ပုံရိပ်နှင့်အတူ အမြန်ထွက်ခွာသွားခဲ့တော့သည်။

ဟဲကျင့် က သက်ပြင်းတစ်ချက်ချကာပြောလာသည်

"ဟူး ဘယ်လောက်တောင် အန္တရာယ်ကြီးလိုက်သလဲ"

ချင်ယွီ က ဂုဏ်ယူစွာဖြင့်ပြောလာသည်

"ဘာက ဒီလောက်တောင် အန္တရာယ်များရမှာလဲ?ဆက်တိုက်ရင်တောင်ငါရှုံးမှာမှမဟုတ်တာကို"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now