021:ဖျားနေပြီ

1.1K 221 10
                                    

Unicode

နောက်တစ်နေ့မနက်တွင် ဟဲကျင့် သည် ခေါင်းမူးဝေခြင်း၊ လည်ချောင်းနာခြင်း၊ ခြေလက်များ နာကျင်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ကြောင့် အိပ်ရာမှ နိုးလာခဲ့သည်။

သူဖျားနေပြီပင်။ မနေ့က သူ ရေကန်ကိုသွားတုန်းက မိုးရွာနေခဲ့သည်။ ​​အိပ်ဆောင်ကိုပြန်လာပြီး နောက်တွင်လည်း ရေနွေးနဲ့ ရေမချိုးခဲ့ပဲ ရောဂါအားလုံးကို ခံနိုင်ရည် ရှိသူလိုပင် ပြုမူခဲ့သည်။ထို့ကြောင့် ဖျားတာ မထူးဆန်းပေ။

ဟဲကျင့် သည် ထကာ ရေတစ်ခွက်သောက်ပြီးနောက် အလောင်းကောင်ကဲ့သို့ အိပ်ရာပေါ် ပြန်လှဲချလိုက်သည်။

မနေ့ညက အိပ်ယာဝင် နောက်ကျခဲ့တဲ့ ဟုန်တုန်ယွမ် နောက်ဆုံး နိုးလာချိန်မှာတောင် ဟဲကျင့် ရဲ့ အနေအထားက အတူတူပင်။

"ဘာလို့ သွားဖို့ အဆင်သင့် မဖြစ်သေးတာလဲ?"

သူတို့ ၂နှစ်ခွဲကြာ အတူနေထိုင်လာခဲ့တဲ့တစ်လျှောက် ဟဲကျင့် ဟာ နေ့တိုင်း မနက်စောစော ခြောက်နာရီဆို ထလေ့ရှိသည်။ ထို့ကြောင့် သူသည် ဤကဲ့သို့ အိပ်စက်နေခြင်းကို အမှန်တကယ်မြင်ရသည်မှာ ဟုန်တုန်ယွမ် အတွက် တစ်သက်တွင် တစ်ကြိမ်သာ ဖြစ်သည်။

ဟဲကျင့် : "ငါ နေမကောင်းဘူး အဖျားနည်းနည်းရှိနေတယ်ထင်တယ်"

"ဒါပေမယ့် မင်းရဲ့မျက်နှာ အခြေအနေက မဆိုးပါဘူး အာ" ဟုန်တုန်ယွမ် က ဟဲကျင့်နဖူးကို လက်နဲ့တင်ပြီး

"အိုး အင်း နည်းနည်းပူတယ်ဆေးခန်းသွားချင်လား?"

ဟဲကျင့် ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေသည် အမြဲတစေ ထူးထူးခြားခြား ဖြစ်နေတတ်သည်။ သူ့မှာ တုပ်ကွေး ရှိသည်ဖြစ်စေ ရိုးရိုးဖျားသည်ဖြစ်စေ သို့မဟုတ် ရိုးရိုးလေး ပင်ပန်းနေသည်ဖြစ်စေ သူ့မျက်နှာ အခြေအနေ သည် ဘယ်တော့မှ မဆိုးပေ။

သူ့ အသံ သည် လည်း ထိုနည်း လည်ကောင်းပင် အလွန်ဆုံးမှ အသံနည်းနည်း အက်ရုံပင်။ ထို့ကြောင့် သူနေမကောင်းဖြစ်နေချိန်မှာတောင် တခြားလူတွေက သူနေကောင်းတယ်လို့ပဲ အလိုလိုတွေးမိကြလိမ့်မည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now