133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ

699 126 2
                                    

unicode

ညရောက်သည့်အခါတွင်တော့ မီးတွေပိတ်ကာဖြင့် တစ်ယောက်ကိုတစ်ယောက် မှီလျက်အိပ်ယာပေါ်တွင်  အချစ်ဇာတ်ကားကြည့်နေခဲ့ကြသည်။အဲ့ဒါက ဂျပန်ဇာတ်ကားဖြစ်ပြီးတော့ ဟဲကျင့်ရွေးထားတာပင်။  စတိုင်က နူးညံ့ ချိုမြိန်ပြီး သိမ်မွေ့၍ပရောပရည်ဆန်တဲ့ခံစားချက်ရလေသည်။ ဒီလို ရိုမန်းတစ်ဇာတ်ကားဟာ လူကြီးတွေနဲ့တော့လုံးဝဆန့်ကျင်ဘက်ပါပဲ...

လေသံက ပျော့လွန်းပြီး စည်းချက်က နှေးလွန်းတာကြောင့် ချင်ယွီက မသန်းဝေပဲမနေနိုင်တော့ကာပြောလာတော့သည်။

"ဒါကြည့်မယ့်အစား တခြား gay နဲ့ပတ်သက်တာတွေကြည့်ရအောင်လား?"

ဟဲကျင့်:"..."

ချင်ယွီ က ဒီဇာတ်ကားကို စိတ်မဝင်စားတဲ့အတွက် သူ့လက်တွေက သူချစ်သူအပေါ်ကို လှည့်လည်သွားလာနေတော့သည် သိပ်မကြာခင်မှာပဲ ဟဲကျင့်လည်းသည်းမခံနိုင်တော့ဘဲ သူ့ပေါင်ပေါ်ရှိ လက်ပ်တော့ကို ပိတ်ပြီး ဘေးဖယ်ထားလိုက်တော့သည်။ထို့နောက် ချင်ယွီ၏ ခေါင်းကို ကိုင်ကာ ပြန်နမ်းလိုက်တော့သည်။

ဟဲကျင့်၏ ပြုံးနေသော မျက်နှာသည် အလင်းဖျော့ဖျော့အောက်တွင် သူတခြားအချိန်များတွင် မပြဖူးသော သွေးဆောင်မှု ဆိုးသွမ်းသည့် ခံစားချက်လေးကို ပြသနေသည်။ သူက ဂိမ်းထဲက ကောက်ကျစ်တဲ့ ဖာရက်လေးလိုပါပဲ။ချင်ယွီကလှည့်၍ ဟဲကျင့်ကိုဖိချလိုက်တော့သည်။သူ့ပုခုံးတွေကိုကိုင်ကာဖြင့်အကြမ်းပတမ်းနမ်းတော့သည်။သူကနမ်းနေရင်း အရိုင်းဆန်စွာဖွင့် ဟဲကျင့်ရဲ့ နှုတ်ခမ်းကိုလဲကိုက်လိုက်သေး၏။

ပြီးသွားသောအခါ ချင်ယွီက ဟဲကျင့် ၏ အောက်နှုတ်ခမ်းကို ပွတ်သပ်ကာဖြင့် တီးတိုးဆိုလာလေသည်။

"မိန်းမလေး နောက်တခါ စကားမများတော့ဘူးနော် ဟုတ်ပြီလား?"

ဟဲကျင့်: "..."

ချင်ယွီ က သူ့ကို လေးလေးနက်နက်နဲ့ မက်မောစွာ ကြည့်၍တောင်းပန်နေသလိုမျိုးဆိုလာလေသည်။

"နောက်ဆုံးအကြိမ်မင်းဒေါသထွက်တုန်းကလိုလဲ ရှောင်မသွားပါနဲ့တော့နော် အဆင်ပြေလား?"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Dove le storie prendono vita. Scoprilo ora