140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်

616 120 3
                                    

Unicode

3 နှစ်ကြာပြီးနောက်

ဟဲကျင့် သည် သူ့ရုံးခန်းတွင် ထိုင်နေပြီး ဌာနအသီးသီးမှ ကုန်ပစ္စည်းများ ထောက်ပံ့မှုအတွက် လျှောက်လွှာများကို ပြန်လည်သုံးသပ်ရန် သူ့ခေါင်းကို မြှုပ်ထားခဲ့သည်။

"နည်းပညာဌာနက ပြီးခဲ့တဲ့လလယ်ပိုင်းလောက်က ကွန်ပျူတာအဟောင်းတွေကို အသုတ်လိုက်ပြောင်းလိုက်တယ်လေ။ ဒီလ ဘာလို့ ထပ်ပြောင်းရမှာလဲ?"

သူသည် လျှောက်လွှာပုံစံများထဲမှ တစ်ခုကို စားပွဲပေါ်မှဖြတ်၍အတွင်းရေးမှူးထံသို့ မျက်မှောင်ကြုတ် လျက်လွှဲပေးလိုက်သည်။

"ရှောင်လီ ကျေးဇူးပြု၍ ဒါကိုစစ်ကြည့်ပေး။"

သူ့မွေးရပ်မြေကို ပြန်ရောက်ပြီးနောက် ဟဲကျင့် ဟာ သူ့မိဘတွေရဲ့ စကားကို နားထောင်ပြီး ဒေသဆိုင် ရာ ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခုနဲ့ ချိတ်ဆက်ခဲ့သည်။ အလုပ်သင်နှင့် စာမေးပွဲများအတွက််အချိန်တစ်နှစ်ခွဲကြာပြီးနောက်တွင် ဘွဲ့ရပြီးချင်း လုပ်သားအင်အားသို့ ချက်ချင်းဝင်ရောက်ခဲ့သည်။ အုပ်ချုပ်ရေးမှူးရုံးတွင် အတွင်းရေးမှူးအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ယမန်နှစ်ကုန်ပိုင်းတွင် အုပ်ချုပ်ရေးဌာန ညွှန်ကြားရေးမှူးဟောင်းမှ အငြိမ်းစားယူခဲ့ပြီး ဟဲကျင့် ကို ဒါရိုက်တာအသစ်အဖြစ် ခန့်အပ်ခဲ့သည်။ ဟဲကျင့်ကငယ်သေးသဖြင့် ဒီရာထူးရဖို့အတွက်ဆိုပြီးရေပန်းမစားခဲ့ပါချေ ဘာလို့ဆိုသူ့အောက်ကလူတွေအကုန်လုံးကအသက်လေးဆယ် ပိုင်းတွေဖြစ်သောကြောင့် သူ့ကိုကလေးလိုပဲဆက ဆံခဲ့လိုပင်။ ပြင်ပဝန်ကြီးဌာန၏ ဒါရိုက်တာ ရွှီ သည် ၎င်းတို့ထဲမှ တစ်ဦးဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူသည် ဟဲကျင့် ကိုဖုန်းဆက်ပြီး ညစာအတူစားရန် တောင်းဆိုခဲ့ရာ ဟဲကျင့် သည် သူ၏သီးသန့်အသုံးပြုရန်အတွက် ကွန်ပျူတာကို လိုချင်နေသောကြောင့်ဟုသာထင်ခဲ့တာဖြစ်သည်။

ရှောင်လီသည် ဟဲကျင့်ခိုင်းထားသည့်အတိုင်း ခွဲထုတ်ထားသော ငွေကြေးအစီရင်ခံစာကို ပေးခဲ့သည်။

"ဒါရိုက်တာဟဲ ဘဏ္ဍာရေးဌာနကပေးတဲ့ သုံးလပတ် ဝင်ငွေနဲ့ အသုံးစရိတ်ရှင်းတမ်းကို ဖတ်ပြီးပါပြီ ဘာပြဿနာမှ မရှိပါဘူး။ ကျေးဇူးပြု၍ ကြည့်ကြည့်ပါဦး"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now