091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ

853 166 2
                                    

Unicode

ဟဲကျင့်သည် ချင်ယွီနဲ့ အပေါ်ထပ်သို့ လိုက်သွားစဉ် တွင် ကလေးနှစ်ယောက်သည် ခွေးပေါက်လေးများကဲ့သို့ အနောက်မှလိုက်နေသော်လည်း နှစ်မီတာမှ သုံးမီတာအကွာအဝေးတွင် ရှိနေသည်။ ဟဲကျင့် နောက်လှည့်ကြည့်လိုက်တော့ တယောက်က နောက် ပြန်လှည့်လိုက်ပြီး နောက်တယောက်ကတော့သူ့လက် ချောင်းတွေနဲ့ ဆော့ကစားနေတယ်...
ဟဲကျင့်အူလှိုက်အသဲလှိုက်ရယ်မိတော့သည်။ချင်ယွီ မြင်သောအခါ

"မင်းတို့ကိုယ့်ဘာသာကိုယ် ကစားကြ ငါတို့နောက် ကို လိုက်မနေနဲ့!"

ညီလေးက ချင်ယွီအား ဆိုးသွမ်းသောမျက်နှာပေးဖြင့်

"အစ်ကိုနောက်ကို ဘယ်သူကလိုက်နေလို့လဲ!"

သူ့ညီမလေးက နှုတ်ခမ်းစူပြီး

"ညီမလေး အစ်ကိုနောက်မလိုက်ပါဘူးနော် ကိုယ့်လက်ချောင်းကိုကြည့်နေတာပါ..."

ဟဲကျင့်:"..."

ချင်ယွီ က ဟဲကျင့် ကို ဧည့်သည်ခန်းထဲသို့ခေါ်သွားလေသည် ။ အခန်းသည် သန့်ရှင်းသပ်ရပ်နေကာ ကုတင်တစ်လုံး၊ စားပွဲခုံတစ်လုံး၊ တီဗီ၊ သီးခြားရေချိုးခန်းတစ်ခုပြင်ဆင်ထားသည်မှာ ကြယ် 5 ပွင့်ဟိုတယ်ကဲ့သို့ပင်

ဟဲကျင့်ကသူ့ခရီးဆောင်အိတ်ကို ချလိုက်ပြီးမေးလိုက်သည်။

"မင်းအဖေရော ဘယ်မှာလဲ?"

"သူ့အခန်းထဲမှာ အလုပ်ရှုပ်နေမယ်ထင်တယ်"

ချင်ယွီ သည် လိုက်ကာများကို ချလိုက်ပြီး အပူပေးစက်ကိုဖွင့်ကာ အိပ်ယာခင်းအသစ်၊ စောင်နှင့် မျက်နှာသုတ်ပုဝါကို ဗီရိုထဲမှ ထုတ်လိုက်သည်။

ဟဲကျင့်:"မင်းအဖေကို ပြောပြစရာလိုသေးလား?"

ချင်ယွီ: "မနက်ဖြန်အထိ ငါတို့စောင့်လို့ရပါတယ်။ ဒီမှာ အေးအေးဆေးဆေးသာနေငါ့သူငယ်ချင်းတွေကို ခေါ်လာတာကို ငါ့အဖေဘယ်တော့မှမမေးဘူး"

ဟဲကျင့် က ခေါင်းညိတ်ပြပြီး သူ့ကုတင်ပေါ်တွင် ထိုင်လိုက်သည်။ ချင်ယွီသည် လည်း သူနှင့် ဆန့်ကျင် ဘက် ခုံပေါ်တွင် ထိုင်ချလိုက်ပြီး

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now