083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်

740 160 5
                                    

Unicode

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်သစ်ကူးအကြိုနေ့သို့ရောက်လာပြီဖြစ်သည်။ ပုံမှန်အလေ့အကျင့်အရ ဟဲကျင့်ရဲ့မိသားစုသည် နှစ်သစ်ကူးအကြိုနေ့ကိုအဖွား ရဲ့ အိမ်တွင် ကုန်ဆုံးကြသည်။ သူ့အဒေါ်နဲ့ ဦးလေးတွေလည်း ပါလေ၏။

ဟဲကျင့်ရဲ့ မိခင်မှာ အသက်အကြီးဆုံးဖြစ်သော်လည်း ဟဲကျင့် သည်တော့ သူရဲ့ဝမ်းကွဲများထဲတွင် အငယ်ဆုံးဖြစ်သည်။

ယခုနှစ်တွင် ဦးလေးရဲ့ သမီး ဖြစ်သူ ကျန်းရှောင်မိန် တစ်ဉီးထဲသာပေါ်လာသည်။အဒေါ်ရဲ့ ကလေးနှစ် ယောက်ကတော့  နှစ်သစ်ကူးအကြိုနေ့ကို သူ့မရဲ့ ခင်ပွန်းဖြစ်သူအိမ်မှာပဲကုန်ဆုံးကြလေရဲ့။ ဟဲကျင့် တွင် လီယွဲ့သုန် ဟုခေါ်သော ဝမ်းကွဲအစ်ကိုတစ် ယောက်လည်းရှိပြီး ဟဲကျင့်ထက် သုံးနှစ်ပိုကြီးလေသည်။ သူသည် ငယ်ငယ်ကတည်းက ပုန်ကန်တတ် သောကလေးဖြစ်ခဲ့ပြီး သာမာန်မေဂျာတစ်ခုမှ ဘွဲ့ရပြီးနောက် မနှစ်ကတည်းက အလုပ်စလုပ်ခဲ့ကာ နှစ်သစ်ကူးအကြိုတွင်လည်း မပါဝင်ခဲ့ပေ။

သူ့အဒေါ်နဲ့ သူ့အမေက သူ့အဖွားကို ညစာပြင်ဆင် ဖို့ ကူညီပေးနေရင်း လီယွဲ့သုန်ကဘယ်လောက်
တောင် ဆိုးသွမ်းကြောင်းကို ညည်းညူနေလေသည်။သူသည် အိမ်ကနေ အမြဲထွက်ပြေးပြီး ဆေးလိပ်လည်း မကြာခဏ သောက်လေ့ရှိတယ်။ ဘွဲ့ရပြီးနောက် သူငယ်ချင်းဆိုးများနှင့်သာ အချိန်များစွာ ကုန်ဆုံးခဲ့သည်... သူ့အဒေါ်က သူ့သားကို ပိုကောင်းအောင် "အသုံးဝင်သူ" ဖြစ်စေချင်သော်လည်း ဆန့်ကျင်ဘက်သာဖြစ်ခဲ့သည်။

ဟဲကျင့်အမေ: "ငါနင့်ကိုအရင်ထဲကပြောတယ် နင့်ကလေးတွေကိုတင်းကြပ်သင့်ပါတယ်ဆို အခုတော့နင် သူတို့ကို နေချင်သလိုနေခွင့်ပေးထားတာ အဲ့ဒါရလဒ်ပဲလေ !"

အဒေါ်: "ကောင်းပြီ ငါလည်းတင်းကြပ်တာပဲလေ ဒါပေမယ့် ငါသူ့ကို အပြစ်တင်တိုင်း သူက ငါ့ကို စကား ဆယ်ခွန်းလောက်ခွန်းတုံ့ပြန်တယ်လေ တစ်ခွန်းချင်းဆီတိုင်းက စိတ်တိုစရာချည်းပဲ ငါ့ရဲ့ အားတွေတောင်ကုန်သွားသလိုပဲ!"

ဟဲကျင့်အမေ:"ဒါက ငယ်ငယ်ကတည်းက နင်ကသူ့ကိုရိုက်မှမရိုက်ခဲ့ပဲ ငါပြောပြမယ် ကလေးကို လိမ္မာစေချင်ရင် ငယ်ငယ်ထဲကနာနာရိုက်ပေးရတယ်။အဲ့လိုလုပ်မှ သူတို့က နာခံမူရှိမှာ။နင်သူတို့ကိုငယ်ငယ် ထဲကရိုက်ထားရင် ကြီးလာတဲ့အခါ ကလန်ကဆန်မလုပ်တော့ပဲ နင်ဘာပြောပြောသူတို့နားထောင်မှာပေါ့!"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now