034: ကနဉီးချိန်ညှိခြင်း

885 164 1
                                    

Unicode

ကြိုဆိုသည့် စကားလုံးများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဟဲကျင့် သည် ဤစာကြောင်းကို ဖတ်ပြနေသည့် စနစ်အသံကို သူ့နားထဲတွင်ကြားလိုက်ရသည်။သိပ်မကြာခင်မှာပဲ သူ့ခြေထောက်တွေက မြေပြင်ကို ခွာသွားသလို ခံစားလိုက်ရတယ်။ သူ လွင့်မျောနေတယ်!

ဟဲကျင့် သည် ခဏတာ ထိတ်လန့်တုန်လှုပ်သွားသော်လည်း မကြာမီ ငြိမ်သက်သွားသည်။ သူသည် ငှက်မွေးတစ်ခုလို ဖြည်းညှင်းစွာ လွင့်မျောနေသည်။

မြူခိုးအလွှာများမှတစ်ဆင့် သူ့ရှေ့တွင် ကြာပန်းရေတံခွန်တစ်ခု ပေါ်လာသည်။ ရေပြင်ကျယ်ကြီးကို မျက်နှာမူကာ ကြာပန်းတစ်ခုပေါ် ညင်သာစွာ လဲကျသွားသည်။ ရေတံခွန်သည် ကြေးမုံပြင်ကဲ့သို့ ချောမွေ့နေပြီး သူ့ဇာတ်ကောင်၏ ရုပ်ပုံ အပြာဝတ်မိန်းမပျိုလေး ကို ရှင်းရှင်းလင်းလင်း ပြသထားသည်။

ဟဲကျင့် သည် ရုပ်ပုံကို စိုက်ကြည့်ကာ "ငါ့ဘယ်ဘက်လက်ကို မြှောက်မယ်" ဟုတွေးလိုက်သောအခါ ရေတံခွန်ရှိရုပ်ပုံသည် ဘယ်လက်ကို မြှောက်လိုက်သည် ။ သူက "ပြုံးမယ်" ဟု တွေးလိုက်သောအခါတွင်လည်း ရေတံခွန်ရှိ ရုပ်ပုံတွင်လည်း ပြုံးနေလေတော့သည်။

ဘုရားရေ သူတကယ်ပဲ အပြာဝတ်မိန်းမပျိုလေး အဖြစ်ပြောင်းသွားပြီ!

ထို့နောက် သူသည် ရေတံခွန်တွင် သိမ်မွေ့ပြီး ချစ်စဖွယ်ကောင်းသော အပြာဝတ်မိန်းမပျိုလေး သည် ဟဲကျင့် ၏ "ထိတ်လန့်ခြင်း" ခံစားချက်ကြောင့် သူမ၏အမူအရာ ပြောင်းလဲသွားကာ ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားသည်ကို မြင်လိုက်ရ သည်— (⊙Y⊙)

ဟဲကျင့် ဟာ မိုးကြိုးပစ်ခံလိုက်ရသလိုပဲ !... ဒီအမူအရာကြီးက ချဲ့ကားလွန်းတယ်ဟ!

ဟဲကျင့် ၏ စိတ်အပြောင်းအလဲကြောင့် ရေတံခွန်ရှိ အပြာဝတ်မိန်းမပျိုလေး သည် လျင်မြန်စွာ မျက်တောင်ခတ်လာတော့သည်။

ဟဲကျင့် ရုတ်တရက် တုံ့ပြန်လိုက်သည်။ တကယ့်လူတွေက သူတို့ရဲ့ နှလုံးသားထဲမှာ အကြီးအကျယ် ကမောက်ကမ ဖြစ်နေရင်တောင်မှ သူတို့ရဲ့ မျက်နှာပြင် ရုပ်သွင်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပေမယ့် ဟိုလိုဂရပ်ဖစ် ဇာတ်ကောင်က တော့အဲဒါကို လုပ်နိုင်မှာ မဟုတ်ပေ။ ဦးထုပ်က ကစားသမားရဲ့ လက်ရှိ စိတ်အခြေအနေ နဲ့လိုက်ပြီး အမှန်ကန်ဆုံး အသွင်အပြင်ကို ဖော်ပြပေးရုံတင်....

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now