115:ငါနဲ့ဝေးဝေးနေပေး

790 150 2
                                    

Unicode

ဟဲကျင့်သည် ပွဲပြီး၍ အော့်ဖ်လိုင်းဆင်းပြီးနောက် မှာတော့ ဟုန်တုန်ယွမ်ဆီကနွေးထွေးသောပွေ့ဖက်မှုဖြင့် ချက်ခြင်းကြိုဆိုခံခဲ့သည်။

"အရမ်းကောင်းတယ် ကျင့်ကော! ငါတို့ ချန်ပီယံဆုအတွက် ကြိုးစားရအောင်။"

ဟဲကျင့်၏ စွမ်းဆောင်ရည်သည် ဟုန်တုန်ယွမ် မျှော်မှန်းထားသလောက် မကောင်းသေးသော်လည်း ကျင့်ကောရဲ့ အခန်းကဏ္ဍကပိုပြီး အရေးကြီးလာမှာ အသေအချာပဲလေနော်!

ဟဲကျင့် သည် သူ့ရဲ့ နားထင်များကို နှိပ်နယ်ရင်း ဂိမ်းတစ်ခုအား အပြည့်အဝ အာရုံစိုက်သောအခါတွင် စွမ်းအင်မည်မျှ သုံးစွဲရသည်ကို သတိထားမိလိုက်သည်။ သူ ဘာမှ မခံစားခဲ့ရသော်လည်း ဦးထုပ် ကို ချွတ်လိုက်သည်နှင့် ပင်ပန်းနွမ်းနယ်မှုကအရှိန် အဟုန်ဖြင့် တိုးဝင်လာခဲ့တော့သည်။

ညမှာတော့ ဟုန်တုန်ယွမ်ကအိပ်ရာဝင်သောအခါ အခြားကုတင်ပေါ်ရှိ ဟဲကျင့်အားတိုးတိုးပြောလာလေသည်။

"ငါတို့ အနိုင်ရခဲ့ရင် ယွမ် 500,000 ရမှာနော် အဲ့ဒါမင်းဝေစုရမှာသေချာတယ်မလား?"

ဟဲကျင့် အံ့အားသင့်သွားသည်။ သူကိုယ်တိုင်က ဂိမ်းထဲမှာ အာရုံစူးစိုက်လွန်းပြီး ဘောနပ်စ်ငွေအကြောင်း မေ့လုနီးပါးဖြစ်နေတာပင်... သူတို့အနိုင် ရခဲ့ရင်လား?တကယ်သာဆို သူအဲ့ကငွေတွေနဲ့ ချင်ယွီကိုပေးစရာရှိတာတွေပြန်ပေးလို့ရပြီးတော့ လာမည့် စာသင်ကာလ၏ ကျူရှင်ခအတွက်လည်း စိတ်ပူစရာမလိုတော့ဘူးပဲ။ ဒါပေမယ့် သိပ်မကြာ
ခင်မှာပဲ သူဒီလိုအတွေးမျိုးတွေးမိတာကြောင့်ရှက် သွားခဲ့တော့သည်။

အဲ့ဒါပထမဆုရဖို့မျှော်လင့်ထားတဲ့ ထီဝယ်ထားတဲ့သူတွေနဲ့ အတူတူပါပဲ- ဘောနပ်စ်ရနိုင်ခြေက မမြင့် မားဘူး ပြီးတော့ဟဲကျင့် သူ့ကိုယ်သူ ဂိမ်းနဲ့ပတ်
သက်ရင် အမြတ်ကိုပဲ တွေးနေတဲ့သူလဲမဖြစ်ချင်စေဘူးရယ်

ဒါပေမယ့် လည်းသဘက်ခါလာမယ့် နောက်ဆုံး
ပြိုင်ပွဲအကြောင်းတွေးမိသောအခါတော့ pressure တွေရလာပြန်ရော ကောလိပ်ဝင်ခွင့်စာမေးပွဲထက် တောင် ပိုစိတ်ဖိစီးလာတယ်လို့ ခံစားရတယ်!

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now