072:ငါသဘောကျနေတဲ့လူ

980 186 8
                                    

Unicode

ချင်ယွီက "မင်းက ဒီမှာပဲ" ဟု ပြောသည့်ပုံစံသည်  ဟဲကျင့်ကို  မျက်ရည်ကျလုမတတ် ဖြစ်သွားစေသည်။သူဘယ်လောက်တုံးအခဲ့လဲဆိုတာကို တွေးနေမိတယ်... ချင်ယွီ က သူ့ကို နည်းနည်းလေးလျစ်လျူ ရှု လိုက်တာနဲ့ ချက်ချင်းဆိုသလို အားနည်းသွားပြီး ဆင်ခြင်တုံတရားတွေ ဆုံးရှုံးသွားတယ်တဲ့ အရင်က သူဒီလိုမျိုးလူမှမဟုတ်ခဲ့ပဲ...

တကယ်လို့ ချင်ယွီက သူ့ကို နည်းနည်းအေးတိအေးစက်ဆက်ဆံရင်ရောဘာဖြစ်လဲ သူကအမြဲအလုပ် များနေတာပဲလေဟဲကျင့်ကပိုပြီးတက်ကြွနေလိုက် ရုံပဲပေါ့!

ဟဲကျင့် က စိတ်ထဲကနေ သူ့ကိုယ်သူ ဆူပူကြိမ်းမောင်းရင်း ရှေ့ကို တိုးလာပြီး ပြောတော့သည်။

"ဆေးရုံသွားပြီး မင်းရဲ့ ဒဏ်ရာကို ဆရာဝန်ကို ကုခိုင်းရအောင် သေချာစည်းလိုက်တာပိုကောင်းတယ်"

ချင်ယွီသည် ဟဲကျင့်ကို ကြည့်လိုက်သောအခါတွင် သူဘယ်လောက်စိုးရိမ်နေလဲဆိုတာသိလိုက်ရပြီး သူ ဟဲကျင့်ကို အရမ်းစိတ်မဆိုးတော့ပေ။ ရုတ်တရက် ချင်ယွီက ဟဲကျင့် ဟာ ကိုယ်ချင်းစာတတ်တဲ့သူတစ်ယောက် ဖြစ်နိုင်တယ်လို့ တွေးလိုက်တယ် အဲ့ဒါကသူ့ကိုယ်သူ ဘယ်လိုဖော်ပြရမလဲဆိုတာ မသိတာကြောင့်ပဲဖြစ်နိုင်ပါတယ်လေ

ထိုသို့သော အတွေးဖြင့် ချင်ယွီသည် ပြန်ပြီးယုံ
ကြည်မူရှိလာခဲ့သည်။ ဒါဆို ဟဲကျင့်က သူထင်သလိုမျိုး အဖြောင့် မဟုတ်ဘူးလား? သူ့ကိုယ်ပိုင် ထင်ယောင်ထင်မှားဖြစ်နေတာကနေ နိုးသွားပါပြီနော် တကယ်လို့ ဟဲကျင့်ကအဖြောင့်တစ်ယောက်ဖြစ်နေရင်တောင် သူရအောင်လိုက်မှာ စိတ်အားထက် သန်တဲ့စိတ်ဝိညာဉ်ကို ဘယ်ဟာကမှ အနိုင်ယူလို့မရဘူးကွ!

ဆေးရုံရောက်သောအခါ ဆရာဝန်က ဒီတိုင်းပတ် ထားသော ပတ်တီးကို ဖယ်ရှားလိုက်ရာ သွေးများခဲနေပြီး ပိတ်ကျဲစတွင် ကပ်နေသည်ကို တွေ့လိုက်ရသည်။ ဆရာဝန်က ပတ်တီးကို ဖြည်ဖို့ ကြိုးစားနေချိန်မှာ နာကျင်မူကြောင့် ချင်ယွီကမျက်မှောင် ကြုတ်၍ နှုတ်ခမ်းကိုကိုက်ထားသည်ကိုကြည့်ရင်း ဟဲကျင့်ဝမ်းနည်းသွားကာ ကူရာမဲ့စွာဖြင့်ပင် သူ့ပုခုံးပေါ်လက်တင်ကာမေးလိုက်သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now