047:ထန်ဟူလူ

883 144 8
                                    

Unicode

ဟဲကျင့် သည် မီး ကို တိတ်တဆိတ် ကျိန်ဆဲနေချိန်တွင်ပဲ  နှစ်ယောက်သား ဂိတ်တံခါးဝသို့ နီးကပ်လာခဲ့သည်။သို့သော် သူတို့ဝင်ခါနီးတွင် မြို့တံခါးစောင့်နှစ်ဦးသည် ရုတ်တရက် အနေအထားပြောင်းသွားသည်။ ဟဲကျင့် လန့်သွားသည်။ သူတို့ကို တားတော့မည်ဟုထင်ခဲ့သော်လည်း အစောင့်နှစ်ယောက်က ကောင်းကင်ထက်သို့ ပျံသန်းသွားခဲ့သည်။

မြို့တံခါးအနီးတွင် ဤမြင်ကွင်းကို မြင်သော ကစားသမား ၁၀ ဦး သို့မဟုတ် ထိုထက်များသော ကစားသမားများသည် ကောင်းကင်သို့မျှော်ကြည့်ခဲ့ကြသည်။ဘာကြောင့်မှန်းမသိဘဲ အစောင့်နှစ်ယောက်က လှံတွေဝှေ့ယမ်းပြီး ကောင်းကင်ပေါ်က မှောင်မဲနေတဲ့နေရာကို ဓားနဲ့ထိုးလိုက်ပါတော့သည်။ "အာ အာ အာ" အော်သံနှင့်အတူ ထိုမှောင်မိုက်နေသောအရာသည် အလွန်လျင်မြန်သောအရှိန်ဖြင့် မြေပြင်ပေါ်သို့ ချက်ချင်းပြုတ်ကျသွားသည်။

ဘန်း ဟုသောအသံဖြင့်  လူအုပ်ကြီးရှေ့တွင် တစ်စုံတစ်ခု ပြုတ်ကျခဲ့သည်—၎င်းမှာ ကစားသမားတစ်ဦးဖြစ်ကာ လဲကျသေဆုံးသွားခဲ့သည်။

စက္ကန့်အနည်းငယ်အကြာတွင် တံခါးစောင့်နှစ်ဦးသည် ၎င်းတို့၏ မူလနေရာသို့ ပြန်သွားကြသည်။ ထိုအခါမှ တစ်စုံတစ်ယောက်က တုံ့ပြန်ခဲ့သည်–

"အာ တော်ဝင်မြို့ထဲကို ပျံသန်းနေတဲ့ စီးတော် နဲ့ ဝင်ချင်နေတဲ့ ငတုံးပဲ..."

ဟဲကျင့် အံ့အားသင့်သွားသလို ခံစားလိုက်ရတာက  ဒီစစ်သားနှစ်ယောက်ဟာ အလှဆင်ထားတာ သက်သက်မှမဟုတ်တာ အာ!

မြို့တော်အတွင်းတွင် လူစည်ကားသော လမ်းများဖြင့်ကြိုဆိုခံလိုက်ရသည်။  ဆူညံနေပြီး နေရာတိုင်းက ဈေးဆိုင်တွေရှိနေကာ အရမ်းစည်ကားလေ
သည်...

"လာပါ လူကြီးမင်းတို့ လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ပန်းမုန့်၊ နှမ်းကိတ်တို့ ကို မြည်းစမ်း
ကြည့်စမ်းပါ..."

"ရေနွေးငွေ့နဲ့ပေါင်းထားတဲ့ပေါက်စီ၊ ဖက်ထုပ်
ရောင်းတယ်နော် အသား လတ်ဆတ်တဲ့ ဟင်းသီး
ဟင်းရွက်တွေ မှိုတွေနဲ့ ပြည့်နေတာပဲနော်... ပါးပါးလွှာတဲ့ ပေါက်စီဟေ့ ပေါက်စီ!"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now