159: အချပ်ပို ၄

483 97 1
                                    

Unicode

ညစာစားပြီး ကာရာအိုကေမှာ သီချင်းဆိုပြီးနောက် အိမ်အပြန်လမ်းတွင်ဟဲကျင့်သည် ကြိုးကြာရိုင်း ၏ စွပ်စွဲချက်များကို ပြန်လည်အမှတ်ရမိပြန်သည်။

ချင်ယွီ သည် မီးနီကို မြင်သောအခါ ရပ်လိုက်ပြီး ဂီယာပြောင်းလိုက်ချိန်တွင်တော့ ဟဲကျင့်သည်အကူညီမဲ့စွာဖြင့်လက်ကိုဆန့်ထုတ်လျက် ချင်ယွီရဲ့ လက်ခုံကိုပွတ်လိုက်သည်။

"ဘာဖြစ်တာလဲ?"

ချင်ယွီသည်အံ့အားသင့်သွားပြီးလှည့်ကြည့်လိုက်ရာ ဟဲကျင့်ကသူ့ကိုကြည့်မနေခဲ့ပေမယ့် သူ့လုပ်ရပ်မှာတော့ချစ်ခြင်းမေတ္တာများပြည့်နှက်နေခဲ့၏

ချင်ယွီကပြုံးပြီး "ငါကကောင်းတယ်ဆိုတာကို ရုတ်တရက်ကြီးသတိထားမိသွားလို့လား?"

ဟဲကျင့်: "... "

ယခု ချင်ယွီသည် မတူတော့ပါ။ စားသောက်ဆိုင် ရှိ သူငယ်ချင်းများကို ပြောင်ပြောင်တင်းတင်း အမူအရာဖြင့် တုန်လှုပ်စေခဲ့သည်။ ဖျော်ဖြေရေးတွင် သုံးနှစ်ကြာ အတွေ့အကြုံရှိပြီးနောက်သူ့ကိုယ်ပေါ်တွင် ကြယ်ရောင်ရှိနေပြီး လူစုလူဝေးကြားတွင် မှင်တက်သွားစေပြီးထူးထူးခြားခြားဖြစ်နေခဲ့သည်။

ဟဲကျင့်က ချင်ယွီကိုအရမ်းတွေဝံ့ကြွားမနေစေချင်ဘူး အဲ့ဒါကြောင့်သူ့ကိုစနောက်လိုက်သည်။

"တကယ်တမ်း မင်းနဲ့ယှဉ်ရင် လွင့်မျောတိမ်တိုက်ရဲ့ကြင်နာမူကိုပိုသဘောကျတယ်"

ချင်ယွီကမျက်ခုံးပင့်ကာဖြင့် "အာ ဟာ?"

" လွင့်မျောတိမ်တိုက်ကလူမသိအောင်အေးဆေးနေတတ်တဲ့သူမျိုးပဲ သူကမင်းလောက်မချောပေမယ့် အရမ်းတည်ငြိမ်တယ်။"

ဤသည်မှာ အမှန်ပင် ။ အစကတည်းက ဟဲကျင့် သည် ချင်ယွီ က အလွန်မြင့်မားသောအနေအထားတွင်ရှိကြောင်း တွေ့ရှိခဲ့သည်။ သူနဲ့ နှိုင်းယှဥ်ကြည့်တော့ သူက သူ့ကိုယ်သူ ရိုးရိုးရှင်းရှင်းသာမာန်ပဲဖြစ်ပြီးတော့ ချင်ယွီနဲ့သူမတိုက်တန်မှာကိုအမြဲစိုးရိမ်နေရလေသည်။

"အဲ့ဒါနဲ့ ရုပ်ချောနေတာမှားသွားရောလား?"

ချင်ယွီကစိတ်ဆိုးသွားကာဖြင့် ဒေါသတကြီးပြောတော့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now