016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်

1.1K 200 3
                                    

Unicode

ဂိမ်းထဲသို့ ချောမွေ့စွာဝင်ရောက်လာသောအခါတွင် သူ၏ဇာတ်ကောင်သည် နောက်ဆုံးအော့ဖ်လိုင်းမဖြစ်မီကအတိုင်း ချွိုင်ဖုန် ကျွန်း၏ အရောင်အသွေးစုံလင်သော ရှုခင်းရှိရာတွင်  ရပ်နေဆဲဖြစ်ကြောင်း ဟဲကျင့် မြင်လိုက်ရသည်။

ဟဲကျင့် သည် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ သူ့ဂိမ်း၏ အသွင်အပြင်တွင် အပြောင်းအလဲအချို့ ရှိနေသည်ကို တွေ့လိုက်ရသည်။ စခရင်၏ဘယ်ဘက်အပေါ်ထောင့်ရှိ သူ၏ဇာတ်ကောင်အချက်အလက်ကို သတိရမိသည်မှာ မူလက အပြာဖျော့ဖျော့အရောင်ဖြစ်သော်လည်း ယခုအခါ ငွေဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားကာ ခဏခဏ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေလေသည်။ သူ၏လက်ရှိအဆင့်ကိုလည်း သူ၏ဇာတ်ကောင်၏အိုင်ကွန်ထိပ်တွင်အဆင့် 30 (Spirit Pet) ဟုပြသထားသည်။

ဟုတ်ပြီ ? ဒီ "နတ်အိမ်မွေးတိရစ္ဆာန်" ဆိုတာကြီးကဘာကြီးတုန်း?

ဟဲကျင့်ကစဉ်းစားတော့သည်။ ငါ  အရင် တစ်ခေါက်က အကြင်လင်မယားတာဝန်ကို လုပ်တုံးက အဆင့်တက်သွားတယ်  ပြီးတော့ တစ်ခုခုရွေးဖို့ ကို မီး ရဲ့ အကြံပြုချက်ကို လိုက်နာခဲ့တယ်။

ဂိမ်းပြန်ပြင်ဆင်လိုက်ပြီး ဝိညာဉ်မျိုးနွယ် အတွက် ပါလာတဲ့ပြောင်းလဲမူ အသစ်လား?

ဟဲကျင့် သည် သူ၏ ကာဆာ ကို အပြာဖျော့ဖျော့အိုင်ကွန်သို့ ရွှေ့လိုက်ရာ သူ၏ အပြာဝတ်ဇာတ်ကောင်လေးသည် နားရွက်ရှိသော တိရိစ္ဆာန်အဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရပြီး တစ်ချိန်တည်းမှာပင် "ပုံသဏ္ဍာန် ပြောင်း" အကြံပြုချက်များလည်း ထွက်ပေါ်လာသည်။

သူ့ရဲ့ စူးစမ်းချင်စိတ်အရ ထိုအရာကို ကလစ်နှိပ်လိုက်သည့်အခါ...  "ဖတ်"

အပြာရောင်ဝတ် မိန်းမပျိုလေးသည်ရှည်လျားတဲ့ အဖြူရောင် တိရစ္ဆာန်အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသည် ။ သူအရမ်းရင်းနီးတဲ့ ပုံစံပါပဲ!(=__=)

မယုံနိုင်လောက်အောင် တုန်လှုပ်သွားသလို ခံစားလိုက်ရပြီး ဟဲကျင့် သည် အက်ရှင်ခလုတ်အချို့ကို နှိပ်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမှာ တိရစ္ဆာန်တစ်ကောင်ကို လှည့်ပတ်သွားလာရန် လည်ပင်းကိုဆန့်ထုတ်ရန် သို့မဟုတ် မြင်မြင်သမျှကို စူးမ်းခြင်းနှင့် ချောင်းကြည့်ခြင်း တို့ကိုသာ ဖြစ်စေသည်...

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now