088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့

943 192 6
                                    

Unicode

ဟဲကျင့်ရဲ့လက်ချောင်းလေးများတုန်ယင်သွားရပြီး သူအလျင်အမြန်ပင်ပြန်ဖြေလိုက်တော့သည်။

"ဟင့်အင်း!"

သူ့ခံစားချက်တွေက အရင်နဲ့မတူတော့ပေမယ့် အဲ့ဒါဂိမ်းထဲမှာပဲလေနော်။သူတကယ်ကြီးကို မီးနဲ့ အပြင် မှာလူချင်းတွေ့ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့။ တွေ့ဆုံတယ်ဆိုထဲက မတူညီတဲ့စတင်ခြင်းဖြစ်လာတော့မှာလေနော်။အဲ့အချိန်ကျ သူစိတ်လှုပ်ရှားတာတို့ ကြောက်တာတို့ကြောင့် သူပြန်တောင်နောက်ဆုတ်မိမလားမသိဘူးရယ်

ချင်ယွီက ဒီတိုင်းပြောလိုက်ရုံပါပဲ သေချာတာကတော့ သူတို့ဟာ အစကသဘောတူထားတဲ့ သဘောတူညီချက်ကို လိုက်နာနေတုန်းပါပဲ။ သူလဲဟဲကျင့် ကဲ့သို့ပင် သူတို့ကြားက နောက်ဆုံးစည်းသည် ကျိုးလုနီးပါးဖြစ်သော်လည်း ချိုးဖျက်ရန် မကြိုးစားကြသေးပေ။ အဲ့လိုမှမဟုတ်ရင် သူဟဲကျင့် ဆီကို ပွင့်
ပွင့်လင်းလင်း ချဉ်းကပ်ခဲ့တာ ကြာပြီပေါ့လေ

ဟဲကျင့် က ပြတ်ပြတ်သားသား ငြင်းဆိုသည်ကို မြင်လိုက်ရတော့ သူလည်း စိတ်သက်သာရာ ရသွားကာ နောက်နည်းဗျူဟာအတွက် ခဏလောက် စဉ်းစားလိုက်တော့သည်။

ဟဲကျင့်ကမီးအတွေးလွန်သွားမှာကို ကြောက်လို့
ပိုက်ဆံကိုခဏယူထားလိုက်လေသည်။ ဒါပေမယ့် အဲဒါက ချေးယူတာလို့သာသူစိတ်ထဲမှာမှတ်ထားပါ၏။

အခက်အခဲများစွာဖြင့် Aမြို့သို့ပြန်လာခဲ့ပြီးနောက် သူ့မွေးရပ်မြေထက်ပင် လူနည်းနည်းလေးပဲရှိနေခဲ့သည်။ မြို့ကြီးများရှိလူအများစုသည် အခြားမြို့များမှ ဖြစ်ကြသည်။ ယခုအချိန်တွင် အများစုမှာ နှစ်သစ်ကူးပွဲတော်ကို မိမိတို့၏ဇာတိမြို့၌ ကုန်ဆုံးကြပြီး မပြန်လာကြသေးပေ။

သူ့မှာ စိတ်ပူစရာတွေရှိနေတော့ ဟဲကျင့်ကရထားပေါ်တွင်လဲ အိပ်မပျော်ခဲ့ပါ။တက္ကသိုလ်ပြန်တက်ရန် အတွက် ဒီပင်ပန်းမူတွေကိုခံနိုင်ရည်ရှိရမှာပင်။သေချာတာကတော့ ဝန်ထမ်းတွေအားလုံး ခွင့်ရက် ရတုန်းပဲ အိပ်ဆောင်မှာနေဖို့ ရွေးချယ်တဲ့ ကျောင်းသားတွေကနေခွင့်ရဖို့ ခွင့်ပြုချက်လိုလေသည်။ထို့ကြောင့်ဟဲကျင့် သည် အပြင်မှာနေဖို့ကလွဲလို့ တခြားနည်းလမ်းမရှိတော့ပေ။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now